တိုက်စစ်မှူး အမ်ဘူမိုအတွက် ဒုတိယအကြိမ်ကမ်းလှမ်းမှုကို ဘရန့်ဖို့ဒ် ငြင်းဆန်

28 Jun

ဘရန့်ဖို့ဒ်အသင်း ဟာ အသက် ၂၅ နှစ်အရွယ် တိုက်စစ်မှူးအမ်ဘူမိုအတွက် မန်ယူအသင်းရဲ့ ဒုတိယအကြိမ် ကမ်းလှမ်းမှုကို ထပ်မံ ငြင်းဆန်ခဲ့ပါတယ်။ မန်ယူအသင်းဟာ အမ်ဘူမိုအတွက် စတာလင်ပေါင် ၆၂ ဒသမ ၅ သန်းအထိ တိုးမြှင့်ကမ်းလှမ်း ခဲ့သော်လည်း ဒုတိယအကြိမ် ငြင်းဆန်ခံခဲ့ရတာ ဖြစ်ပါတယ်။ ပထမအကြိမ်က စတာလင်ပေါင် ၄၅ သန်း အပို ဆုကြေး ပေါင် ၁၀ သန်းနဲ့ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။ ဒုတိယအကြိမ်မှာ ကမ်းလှမ်းမှုမှာ ကနဦး ပေါင် ၅၅ သန်း အပိုဆုကြေး ပေါင် ၇ ဒသမ ၅ သန်း စုစုပေါင်း တန်ကြေး ၆၂ ဒသမ ၅ သန်းနဲ့တိုးမြှင့်ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။ မန်ယူအသင်းဟာ ဝုလ်ဗ်အသင်း က ကူညာကို ခေါ်ယူပြီးဖြစ်ပေမဲ့ တိုက်စစ်ပိုင်းအားဖြည့်ဖို့ အမ်ဘူမို ကို ထပ်မံကြိုးပမ်းနေခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် ဘရန့်ဖို့ဒ်အသင်းကတော့ ကူညာ၏ပြောင်းရွှေ့ကြေးအတိုင်း ပေါင် ၆၂ ဒသမ ၅ သန်းကို တစ်လုံးတစ်ခဲတည်း ရရှိလိုနေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ ဘရန်းဖို့ဒ်အသင်းနဲ့အတူ အမ်ဘူမို ဟာ ပရီးမီးယားလိဂ်သွင်းဂိုး ၂၀ သွင်းယူပေးခဲ့ပြီး ၉ ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။ (NVS 008)

28 Jun

ADVERTISE HERE .