အာဆင်နယ်အသင်းက စကယ်လီကို ၅ နှစ်သက်တမ်း စာချုပ်သစ် ချုပ်ဆိုခဲ့

28 Jun

အာဆင်နယ်အသင်းဟာ အင်္ဂလန်လူငယ်နောက်ခံလူ လီဝစ်စကယ်လီက နဲ့ ၅ နှစ်စာချူပ်သစ်ကို ချုပ်ဆို နိုင်ခဲ့ကြောင်း သိရပါတယ်။ အသက် ၁၈ နှစ်အရွယ် စကယ်လီဟာ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ အာဆင်နယ် အသင်း ကြီးအတွက် ပထမဆုံးအကြိမ်ပွဲထွက်ကစားခွင့်ရခဲ့တာဖြစ်ပြီး ပြိုင်ပွဲစုံ ၃၉ ပွဲအထိ ကစားခွင့်ရထား ခဲ့တာ ဖြစ်ပါတယ်။ စကယ်လီ က အာဆင်နယ်အသင်းနဲ့အတူ အောင်မြင်မှုတွေ ဖန်တီးချင်တယ်လို့ ပြောကြားခဲ့ပါတယ်။ ၂၀၂၆ မှာ စကယ်လီရဲ့လက်ရှိစာချုပ်က ပြည့်မှာဖြစ်သလို အရည်အသွေးရှိတဲ့ စကယ်လီကို ခေါ်ယူချင်တဲ့ အသင်း တွေကလည်း ရှိနေတာကြောင့် အာဆင်နယ်အသင်းက အခုလိုစာချုပ်သစ် ချုပ်ဆိုလိုက်တာဖြစ်ပါတယ်။ အာဆင်နယ်အကယ်ဒမီမှာ ကွင်းလယ်လူအဖြစ် ကစားခဲ့တဲ့ စကယ်လီဟာ အသင်းကြီးကို ရောက်ရှိ လာချိန်မှာဘယ်နောက်ခံလူနေရာမှာ အကောင်းဆုံးခြေစွမ်းပြ ကစားနိုင်ခဲ့ပါတယ်။ လာမယ့်နှစ်ပိုင်းအတွင်းမှာ သူ့ရဲ့အရည်အချင်းကို သက်သေပြရန်အတွက် ကြိုးစားသွားမှာဖြစ်သလို အသင်းရဲ့အရေးပါတဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်လာဖို့လည်း မျှော်လင့်နေကြောင်းလို့ စကယ်လီ က ပြောသွားပါတယ်။ မှတ်တမ်းတွေအရ စကယ်လီဟာ ပြီးခဲ့တဲ့ရာသီမှာ ဘောလုံးပေးပို့မှု ၉၃ ရာခိုင်နှုန်းတိကျမှု ရှိခဲ့ပြီး PFA တစ်နှစ်တာ လူငယ်အကောင်းဆုံးဆု ဆန်ကာတင်စာရင်းမှာလည်း ပါဝင်နေပါတယ်။ (NVS 008)

28 Jun

ADVERTISE HERE .