ဘရန့်ဖို့ဒ်အသင်း က Set-piece နည်းပြ ကိသ်အန်ဒရူးစ်ကို အသင်းနည်းပြအဖြစ် ခန့်အပ်ခဲ့

28 Jun

ဘရန့်ဖို့ဒ်အသင်းဟာ အသင်းရဲ့ Set-piece နည်းပြ ကိသ်အန်ဒရူးစ်ကို အသင်းနည်းပြအဖြစ် ခန့်အပ် ခဲ့ကြောင်း သိရပါတယ်။ အန်ဒရူးစ်ဟာ ပြီးခဲ့တဲ့နှစ်နွေရာသီကမှ ဘရန့်ဖို့ဒ်အသင်းကို ရောက်လာပြီး Set-piece နည်းပြအဖြစ် တာဝန်ယူထားသူ ဖြစ်ပါတယ်။ ဘရန့်ဖို့ဒ်အသင်း က အန်ဒရူးစ်ကို သုံးနှစ်စာချုပ် ချုပ်ဆိုခဲ့တာ ဖြစ်တယ်။ အသက် ၄၄ နှစ်အရွယ် အန်ဒရူးစ်ဟာ ဝုလ်ဗ်အသင်းမှာ ပရိုကစားသမားဘ၀ စတင်ခဲ့ပြီး MK ဒွန်းစ်နဲ့ ဘလက်ဘန်းအသင်းတွေမှာလည်း ကစားခဲ့ဖူးပါတယ်။ အိုင်ယာလန်လက်ရွေးစင်အသင်းအတွက်လည်း ၃၅ ပွဲ ကစားပေးခဲ့ပြီး ယူရို-၂၀၁၂ ပြိုင်ပွဲဝင်အသင်းမှာ ပါဝင်ခဲ့ပါတယ်။ အန်ဒရူးစ်ဟာ MK ဒွန်းစ်အသင်း၊ အိုင်ယာလန် လက်ရွေးစင်အသင်း၊ ရှက်ဖီးယူနိုက်တက်အသင်းတွေမှာ လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်ခဲ့ဖူးပါတယ်။ (NVS 008)

28 Jun

ADVERTISE HERE .