ချင်းတွင်းမြစ်ရေကြီးလာတာကြောင့် ကသာမြို့ အနိမ့်ပိုင်းနေအိမ်များ ရေဝင်ရောက်ခဲ့

28 Jun

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့တွင် ဇွန်လ ၂၇ ရက် နံနက် ၃ နာရီခန့်မှစတင်၍ နံနက် ၁၀ နာရီခန့်အထိ မိုးသည်းထန်စွာရွာသွန်းခဲ့တာကြောင့် အနိမ့်ပိုင်းရပ်ကွက်များရှိ နေအိမ်များအတွင်း ရေဝင်ရောက်ကာ အုတ် တံတိုင်း ပြိုကျမှုများလည်းဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။ ကသာမြိုရှိ သွေးကျောက်ချောင်း၊ အနိမ့်ပိုင်းရှိဈေးများ၊ ရပ်ကွက်များအတွင်းရှိ နေအိမ်များအတွင်း ရေများဝင်ရောက်လျက်ရှိပြီး အ.ထ.က(၂)ကျောင်းဝင်း၏ အုတ်တံတိုင်း (၃၂)ခန်းလည်း ပြိုကျခဲ့ကြောင်း သိရပါတယ်။ ချင်းတွင်းမြစ်ရေဟာ မင်းကင်းမြို့တွင်လည်း ၁,၂၇၀ စင်တီမီတာသို့ ရောက်ရှိနေပြီး ယင်းမြို့၏စိုးရိမ်ရေ အမှတ်သို့ ရောက်ရှိရန် ၈၀ စင်တီမီတာ (၂ ပေခွဲ) ခန့်သာ လိုပြီး နောက် ၃၆ နာရီအတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိ နိုင်ကြောင်း သိရပါတယ်။ ဒါကြောင့် မြို့နယ်တာဝန်ရှိသူများက မြေနိမ့်ပိုင်းနှင့်မြစ်ကမ်းဘေးနေထိုင်သူများကို ကြိုတင်သတိပြုကြရန်နဲ့ ကုန်းမြင့်ပိုင်းသို့ အချိန်မီ ပြောင်းရွှေ့ကြရန် အသိပေးနှိုးဆော်မှုများ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ (NVS 004)

28 Jun

ADVERTISE HERE .