ပို့ကုန်နှစ်ဆတိုးမြှင့်ရန် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍပူးပေါင်းဆောင်ရွက်မည်

28 Jun

၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်တွင် ပို့ကုန်နှစ်ဆတိုးမြှင့်ရန်အတွက် အစိုးရနှင့်ပုဂ္ဂလိက ကဏ္ဍပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ က ပြောကြားခဲ့ပါတယ်။ နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူဖြစ်စေရေး၊ ပြည်တွင်းကုန်ထုတ်လုပ်ငန်းများ ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းရှိစေရေးတို့ကို သက်ဆိုင်ရာအစိုးရ၊ ပုဂ္ဂလိက အဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ဆိုပါတယ်။ ပြီးခဲ့သည့် ၂၀၂၄- ၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ပို့ကုန် အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၈ ဘီလီယံ၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၄၇ ဘီလီယံ၊ ကုန်သွယ်မှုအမေရိကန်ဒေါ်လာ ၂၇ ဒသမ ၂၇ ဘီလီယံဖိုး ဆောင်ရွက် နိုင်ခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် ကုန်သွယ်မှုကို အဟန့်အတားဖြစ်နေတဲ့ တရားမဝင်ကုန်သွယ်မှု တို-က်ဖျ-က် ရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိသည့်အတွက် ပုဂ္ဂလိကလုပ်ငန်းရှင်များက တရားမဝင် ကုန်သွယ်မှု မရှိစေရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးရန် မေတ္တာရပ်ခံထားပါတယ်။ လာမည့် ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်တွင် ပို့ကုန်နှစ်ဆတိုးမြှင့်ရန် လျာထားဆောင်ရွက်လျက်ရှိပြီး ပို့ကုန်နှစ်ဆတိုးမြှင့်ရေးအတွက် အစိုးရကဏ္ဍ၊ ပုဂ္ဂလိက ကဏ္ဍမှ ဝိုင်းဝန်းကြိုးစား ဆောင်ရွက်ကြရန်လည်း ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းခဲ့ကြောင်း သိရပါတယ်။ (NVS 004)

28 Jun

ADVERTISE HERE .