ကစားသမားဘဝ သွင်းဂိုး ၃၀၀ ပြည့်မြောက်ခဲ့တဲ့ ဟာလန်း
27 Jun
မန်စီးတီးအသင်းနဲ့ ဟော်လန်လက်ရွေးစင် တိုက်စစ်မှူး ဟာလန်း ဟာ ဇွန်လ ၂၆ ရက်မှာ ကစားခဲ့တဲ့ ၂၀၂၅ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဂျူဗင်တပ်စ်အသင်းကို တစ်ဂိုးသွင်းယူပြီးနောက် ကစားသမားဘဝ သွင်းဂိုး ၃၀၀ ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ အဆိုပါပွဲမှာ မန်စီတီးအသင်းက ဂျူဗင်တပ်စ်အသင်းကို ၅ ဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ဟာလန်း က ပွဲချိန် ၅၂ မိနစ်မှာ မန်စီတီးအသင်းအတွက် တတိယဦးဆောင်ဂိုးကို သွင်းယူ ပေးထားခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ဂိုးဟာ ဟာလန်း အတွက် ပရော်ဖက်ရှင်နယ် ကစားသမားဘဝတစ်လျှောက် ကလပ်နဲ့နိုင်ငံ လက်ရွေးစင် အသင်းအတွက် သွင်းဂိုး ၃၀၀ မြောက်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒါ့အပြင် ဂျူဗင်တပ်စ်နဲ့ပွဲက သွင်းဂိုးဟာ ဟာလန်း အတွက် လက်ရှိကျင်းပနေတဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဒုတိယမြောက်သွင်းဂိုး ဖြစ်ပြီး ကလပ်နဲ့ နိုင်ငံအသင်းအတွက် နောက်ဆုံးပြိုင်ပွဲစုံ ၆ ပွဲ ကစားပေးထားပြီး ၅ ဂိုး သွင်းယူထားနိုင်ခဲ့ပါတယ်။(NSV 008)