အကောင်းဆုံးပုံစံပြန်ရရန် ၁ လခန့် ကြာနိုင်ကြောင်း ပြောခဲ့တဲ့ ရိုဒရီ

27 Jun

မန်စီးတီးကွင်းလယ်လူ ရိုဒရီ က ဒူးဒဏ်ရာကြောင့် ၉ လခန့် အနားယူခဲ့ရပြီး သူ့ရဲ့အကောင်းဆုံးပုံစံကို ပြန်လည်ရရှိနိုင်ရန် ၁ လခန့် အချိန်ယူရမှာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ ရိုဒရီ ဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ ကတည်းက ဒူးဒဏ်ရာကို ခွဲစိတ်ခဲ့ပြီးနောက် တစ်ရာသီလုံးနီးပါး အနားယူခဲ့ရပြီး မန်စီးတီးအသင်းအတွက် ကလပ်ကမ္ဘာ့ဖလားပွဲစဉ် ၂ ပွဲမှာ လူစားဝင်ကစားသမားအဖြစ် ကစားခဲ့ပါတယ်။ အသက် ၂၉ နှစ်အရွယ် ရိုဒရီ ကို နည်းပြ ဂွါဒီယိုလာ က လာမယ့်ပွဲတွေမှာ ပွဲထွက်စာရင်းတွင် ထည့်သွင်း သွားမယ်လို့ ပြောထားပြီး ရိုဒရီ အတွက် ရွှေဘောလုံးဆုရခဲ့တဲ့ ခြေစွမ်းမျိုးကို ပြန်ရနိုင်ဖို့ အချိန်တစ်ခုလိုအပ် တယ်လို့ သုံးသပ်ပြောဆိုခဲ့ပါတယ်။ ကြံ့ခိုင်မှုပြန်လည်ရရှိနေပြီဆိုပေမယ့် အနားယူရတဲ့ကာလက အရမ်းကြာလွန်း တာကြောင့် ပုံမှန်ခြေစွမ်းပြန်ရရှိဖို့ အချိန်လိုအပ်ပါတယ်လို့ ရိုဒရီက ပြောသွားခဲ့ပါတယ်။ ရိုဒရီ မပါနိုင်တဲ့ ဘောလုံး ရာသီမှာ မန်စီးတီးအသင်းရဲ့ ရလဒ်တွေ ဆိုးရွားခဲ့ပြီး ဆုဖလားလက်မဲ့ရာသီတစ်ခုကို ပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။(NSV 008)

27 Jun

ADVERTISE HERE .