အေစီမီလန်အသင်းသို့ ပြောင်းရွှေ့ရန် သဘောတူညီမှုရထားပြီးဖြစ်တဲ့ မိုဒရစ်

27 Jun

ရီးရဲလ်ကွင်းလယ်ကစားသမားဟောင်း မိုဒရစ် အနေနဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ အေစီမီလန် အသင်းနဲ့ပူးပေါင်းရန် နှုတ်အားဖြင့် သဘောတူညီမှုရထားပြီးဖြစ်ကြောင်း အေစီမီလန်အားကစားဒါရိုက်တာ တာရီ က အတည်ပြု ပြောကြားခဲ့ပါတယ်။ တာရီ က အေစီမီလန်အသင်းအတွက် ခေါင်းဆောင်နိုင်စွမ်းရှိတဲ့ မိုဒရစ် ကဲ့သို့ ကစားသမားရောက်ရှိလာခြင်းက အသင်းရဲ့လိုအပ်နေတဲ့အရာ ဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။ စက်တင်ဘာလမှာ အသက် ၄၀ ပြည့်မည့် မိုဒရစ် ဟာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမစင်ကပင် အေစီမီလန်အသင်းနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီချက်ရရှိထားတယ်လို့ သတင်းများက ဖော်ပြခဲ့ကြပါတယ်။ မိုဒရစ် ဟာ အေစီမီလန်အသင်းနဲ့ တစ်နှစ်သက်တမ်းနဲ့ စာချုပ်ချုပ်ဆိုမှာဖြစ်ပြီး နောက်ထပ်တစ်နှစ်အတွက် အလိုအလျောက် သက်တမ်းတိုးခွင့်ပါဝင်ကာ တစ်နှစ်လုပ်ခ ဒေါ်လာ ၄ သန်း ရရှိမှာဖြစ်ပါတယ်။ မိုဒရစ် အနေနဲ့လည်း လာမယ့်ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ခရိုအေးရှားအသင်းမှာ ပါဝင်နိုင်ဖို့အတွက် ကလပ်အသင်းမှာ ပုံမှန်ကစားခွင့်နဲ့အတူ ကြံ့ခိုင်မှုအကောင်းဆုံးဖြစ်နေစေဖို့အတွက် မျှော်လင့်နေပါတယ်။ မိုဒရစ် ဟာ ရီးရဲလ်အသင်း နဲ့အတူ ၁၃ နှစ်ကြာ ကာလအတွင်း အဓိကဆုဖလား ၂၈ ခုအထိ ရယူထားနိုင်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ရာသီအကုန်မှာ ရီးရဲလ်အသင်းနဲ့ လမ်းခွဲခဲ့တာ ဖြစ်ပါတယ်။(NSV 008)

27 Jun

ADVERTISE HERE .