NBA ကလပ် LA လိတ်ကာ၏ရှယ်ယာများ ရောင်းချ
27 Jun
အသင်းပိုင်ရှင် ဘက်စ်မိသားစုက NBA ကလပ် LA လိတ်ကာအသင်းရဲ့ ရှယ်ယာအများစုကို TWG ဂလိုဘယ် စီအီးအို မာ့ခ်ဝေါလ်တာ ထံရောင်းချဖို့ သဘောတူလိုက်ကြောင်း ထွက်ပေါ်နေတဲ့သတင်းတွေကို အတည်ပြု ပြောကြားလိုက်ပါတယ်။ LA လိတ်ကာအသင်း ဟာ NBA ချန်ပီယံဆုကို ၁၇ ကြိမ်ရရှိထားပြီး ရောင်းချမယ့် အသင်း၏ ရှယ်ယာတန်ဖိုးကို တရားဝင်ထုတ်ပြန်ခဲ့ခြင်းမရှိဘဲ ခန့်မှန်း ၁၀ ဘီလီယံဒေါ်လာ ဖြစ်နိုင်ကြောင်း သိရပါ တယ်။ အဆိုပါတန်ကြေးဟာ အမေရိကန်အားကစားသမိုင်းမှာတော့ ပရိုအသင်းတစ်သင်းကို အမြင့်ဆုံးဈေးနဲ့ ရောင်းချရမှုလည်း ဖြစ်လာနိုင်ပါတယ်။ ဂျင်နီ ဘက်စ် က LA လိတ်ကာအသင်းကို ဖခင်ဖြစ်သူ ဂျယ်ရီ ဘက်စ် ဝယ်ယူပြီးနောက်ပိုင်း ထိုက်တန်တဲ့ အောင်မြင်မှုတွေရဖို့အတွက် အသင်းကို တည်ဆောက်ပေးနိုင်ခဲ့ပြီး အခုချိန်မှာတော့ ရှယ်ယာအများစုကို ရောင်းချဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ ဂျင်နီ ဘက်စ် က အသင်းရှယ်ယာများကို ရောင်းချခဲ့ပေမယ့် အသင်းအုပ်ချုပ်သူအဖြစ် ဆက်ရှိနေမယ်လို့ သိရပါတယ်။ ဘက်စ် မိသားစုဟာ LA လိတ်ကာ အသင်းကို ၁၉၇၉ ခုနှစ်မှာ ဒေါ်လာ ၆၇ သန်းခွဲနဲ့ ဝယ်ယူခဲ့တာဖြစ်ပြီး ၎င်းတို့ပိုင်ဆိုင်ပြီးနောက် အသင်းကို NBA ရဲ့ အအောင်မြင်ဆုံးအသင်း ဖြစ်လာခဲ့သည်အထိ တည်ဆောက်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။(NSV 008)