လောင်စာဆီသုံး ကားဈေးကွက် ဈေးအမြင့်ပိုင်းတွင် ဆက်ရှိနေ

27 Jun

လတ်တလောတွင် ရင်းနှီးမြှုပ်နှံမှုများလာတဲ့အတွက် လောင်စာဆီသုံး ကားဈေးနှုန်းများ ဆက်လက် မြင့်တက်နေဆဲဖြစ်တယ်လို့ ကားဈေးကွက်အတွင်းက သိရပါတယ်။ ကားလောကထဲသို့ ရင်းနှီးမြှုပ်နှံတဲ့စီးပွားရေးလုပ်ငန်းရှင်တွေ များလာခြင်း၊ လိုင်စင်မဲ့ကားများနေရာတွင် အစားထိုးနိုင်ရန် ဝယ်လိုအားမြင့်တက်လာခြင်း၊ SKD ကားထုတ်လုပ်မှုနည်းပါးခြင်း အပါအဝင် အခြားအကြောင်းအရာ များကြောင့် ကားဈေးနှုန်းတွေ မြင့်တက်နေခြင်းဖြစ်ကြောင်း မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူး ရောင်းချရေး လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးမင်းမင်းမောင် ထံမှ သိရပါတယ်။ လက်ရှိကားဈေးကွက်ထဲမှာ မော်ဒယ်အမျိုးအစားပေါ်မူတည်ပြီး ကားတစ်စီးကို ပျှမ်းမျှ ၁၅ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းလောက်အထိ မြင့်တက်နေကာ ၂၀ ရာခိုင်နှုန်းကျော် မြင့်တက်နေတဲ့ကားများလည်း ရှိနေပါတယ်။(NVS 003)

27 Jun

ADVERTISE HERE .