ဘယ်လာရုစ်နိုင်ငံမှ ဆေးနှင့်ဆေးပစ္စည်းများကို မြန်မာနိုင်ငံကျန်းမာရေးကဏ္ဍတွင် အသုံးပြုရန်ဆွေးနွေး
27 Jun
ဘယ်လာရုစ်နိုင်ငံမှထုတ်လုပ်သည့် ဆေးနှင့်ဆေးပစ္စည်းများကို မြန်မာနိုင်ငံကျန်းမာရေးကဏ္ဍ၌ အသုံးပြုသွားရန် ဇွန်လ ၂၆ ရက် နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဘယ်လာရုစ်နိုင်ငံ၊ ကျန်းမာရေးဝန်ကြီးဌာနဝန်ကြီး Mr. Aliaksandr Khajayeu တို့ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ နစက ဥက္ကဋ္ဌ သည် ဘယ်လာရုစ်နိုင်ငံ၊ မင့်စ်မြို့ရှိ Belmedpreparaty ဆေးဝါးစက်ရုံသို့ ရောက်ရှိစဥ် စက်ရုံ၌ပြသထားသည့် ဆေးကုသရေးအထောက်အကူပြု မော်တော်ယာဉ်များ၊ ဘယ်လာရုစ်နိုင်ငံမှ ထုတ်လုပ် ထားသည့် ဆေးဝါးများပြခန်း၊ ဆေးကုသမှုများဆောင်ရွက်ရာတွင် အသုံးပြုသည့် စက်ကိရိယာများပြခန်းတို့ကို ကြည့်ရှုလေ့လာခဲ့ပါတယ်။ ထို့နောက် ဘယ်လာရုစ်နိုင်ငံ၊ ကျန်းမာရေးဝန်ကြီးဌာနဝန်ကြီးနှင့် ဆေးဝါးစက်ရုံ၌ တွေ့ဆုံပြီး နှစ်နိုင်ငံကြား ကျန်းမာရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများ၊ ဘယ်လာရုစ်နိုင်ငံမှ ထုတ်လုပ်သည့် ဆေးနှင့် ဆေးပစ္စည်းများအား မြန်မာနိုင်ငံကျန်းမာရေးကဏ္ဍတွင် အသုံးပြုသွားနိုင်မည့် အခြေအနေများ၊ Belmedpreparaty ဆေးဝါးစက်ရုံမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံမှကျန်းမာရေးဆိုင်ရာတာဝန်ရှိသူတို့ အသေးစိတ် ဆက်လက်ဆွေးနွေး ဆောင်ရွက်သွားမည့် အခြေအနေများကို ဆွေးနွေးခဲ့ကြပါတယ်။(NVS 003)