ငလျင်တုံ့ပြန်ဆောင်ရွက်ရေးပစ္စည်းများ လွှဲပြောင်းပေး

27 Jun

မြန်မာနိုင်ငံကြက်ခြေနီအသင်း ဆောင်ရွက်လျက်ရှိသော ငလျင်တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများ၌ အသုံးပြုရန် ငလျင်တုံ့ပြန်ဆောင်ရွက်ရေးပစ္စည်းများကို ဂျာမနီနိုင်ငံနှင့် ဖင်လန်နိုင်ငံတို့မှ ကြက်ခြေနီအသင်းတို့က လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရပါတယ်။ ငလျင်တုံ့ပြန်ဆောင်ရွက်ရေးပစ္စည်းများကို ရန်ကုန်လေဆိပ်၌ ဇွန်လ ၂၆ ရက်တွင် ဂျာမနီနိုင်ငံနှင့် ဖင်လန်နိုင်ငံကြက်ခြေနီအသင်းတို့မှ ကိုယ်စားလှယ်များက လွှဲပြောင်းပေးအပ်ရာ မြန်မာနိုင်ငံကြက်ခြေနီအသင်း လက်ထောက်အထွေထွေအတွင်းရေးမှူး ဒေါ်အိအိထွေးနှင့် တာဝန်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါတယ်။ အဆိုပါ လှူဒါန်းပစ္စည်းများတွင် ဂျာမနီနိုင်ငံကြက်ခြေနီအသင်းမှ Family Tents, Shelter Tool Kits(Type 1 ,2), Jerrycans, Warehouse Tent-Mini Rub Hall, Hygiene Parcel နှင့် ဖင်လန်နိုင်ငံကြက်ခြေနီအသင်းမှ Tent များကို လှူဒါန်းခဲ့ကြပါတယ်။(NVS 003)

27 Jun

ADVERTISE HERE .