“ထိုင်းနှင့်ကမ္ဘောဒီးယားခေါင်းဆောင်များက နှစ်နိုင်ငံအငြင်းပွားနယ်စပ်ဒေသများသို့သွားရောက်”

27 Jun

ထိုင်းနိုင်ငံနှင့်ကမ္ဘောဒီးယားနိုင်ငံတို့မှ ခေါင်းဆောင်များက ဇွန်လ ၂၆ ရက်တွင် နှစ်နိုင်ငံနယ်စပ်ရှိ ပိုင်နက် အငြင်းပွားရာဒေသအသီးသီးသို့ သွားရောက်ခဲ့ကြောင်း သိရသည်။ အဆိုပါနှစ်နိုင်ငံခေါင်းဆောင်များအနေဖြင့် နှစ်နိုင်ငံကြားနယ်စပ်အရေး တင်းမာမှုများဖြစ်ပွားနေစဉ် ယခုလို နယ်စပ်ဒေသများသို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။ ထိုင်းဝန်ကြီးချုပ် ပေထုန်ထန်ရှင်နာဝပ် က ကမ္ဘောဒီးယားနိုင်ငံ၊ ပွိုင်ပတ်မြို့ မျက်နှာချင်းဆိုင်ရှိ အာရန်ယာ ပရာထက် မြို့သို့လည်းကောင်း၊ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန် က ထိုင်းနိုင်ငံ၊ ဆူရင်ပြည်နယ်၏ မျက်နှာချင်းဆိုင်ရှိ အိုဒါမင်းချေးပြည်နယ်သို့လည်းကောင်း သွားရောက်ခြင်းဖြစ်သည်။ ပြီးခဲ့သည့်လကုန်ပိုင်းတွင် ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့ကြားရှိ အငြင်းပွားနေသော နယ်စပ်ဒေသတွင် နှစ်ဖက်တပ်ဖွဲ့များကြား အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားရာ ကမ္ဘောဒီးယားစစ်သည်တစ်ဦး သေဆုံးပြီးနောက် နှစ်နိုင်ငံကြားဆက်ဆံရေး ယိုယွင်းလာခြင်းဖြစ်သည်ဟု ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။

27 Jun

ADVERTISE HERE .