“ကွင်းစ်တင်းနစ်ပြိုင်ပွဲမှာ ချန်ပီယံဆုရရှိခဲ့တဲ့ အယ်ကာရက်ဇ်”

24 Jun

ပြင်သစ်အိုးပင်းပြိုင်ပွဲမှာ ချန်ပီယံဆု ရယူထားတဲ့ ကမ္ဘာ့အဆင့် (၂) စပိန်တင်းနစ်သမား အယ်ကာရက်ဇ် ဟာ ကွင်းစ်တင်းနစ်ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်းပြိုင်ပွဲမှာလည်း ချန်ပီယံဆုကို ရယူသွားနိုင်ခဲ့ပါတယ်။ ဇွန်လ ၂၂ ရက်က ယှဉ်ပြိုင်ခဲ့တဲ့ ဗိုလ်လုပွဲမှာ အယ်ကာရက်ဇ် ဟာ ချက်ဇ်တင်းနစ်သမား လီချက်ကာ နဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။ အခုပွဲစဉ်မှာ လီချက်ကာ က အယ်ကာရက်ဇ် ကို အကောင်းဆုံးလက်စွမ်းနဲ့ ဖိအားပေးနိုင်ခဲ့ပါတယ်။ ပထမပွဲလတ်မှာ အယ်ကာရက်ဇ် က အနိုင်ရခဲ့ပေမယ့် ဒုတိယပွဲလတ်မှာ လီချက်ကာ က ပြန်လည်အနိုင်ရ ရှိခဲ့တာကြောင့် ချန်ပီယံဆုအတွက် အဆုံးအဖြတ်အဖြစ် တတိယပွဲလတ်ကို ဆက်လက်ကစားခဲ့ရပါတယ်။ တတိယပွဲလတ်မှာတော့ အယ်ကာရက်ဇ် က အကောင်းလက်စွမ်းနဲ့အတူ အသာစီးရယူကာ ကစားသွားခဲ့ပြီး ချန်ပီယံဆုကို ရယူနိုင်ခဲ့ပါတယ်။ အယ်ကာရက်ဇ်အနေနဲ့ နောက်ဆုံး ကစားခဲ့တဲ့ ၁၈ ပွဲဆက် အနိုင်ရခဲ့သလို ၂၀၂၅ အတွင်း ၅ ခုမြောက် ချန်ပီယံဆုကို ရရှိသွားခဲ့တာလည်း ဖြစ်ပါတယ်။ (NVS 008)

24 Jun

ADVERTISE HERE .