သခွားသီးရဲ့ side effect များ

23 Jun

ဒီနေ့ည ၈နာရီမှာတော့ Novel Star Pageရဲ့ ကျန်းမာရေးကဏ္ဍကနေ သခွားသီးရဲ့ side effect များ အကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ သခွားသီးကို စားခြင်းက ကျန်းမာရေးအတွက်ကောင်းပေမယ့် အလွန်အကျွံစားသုံးပါက အဆိပ်သင့်ခြင်း၊ ရေဓာတ်ခန်းခြောက်ခြင်း၊ အစာခြေပြဿနာများ၊ ဓာတ်မတည့်ခြင်း နဲ့ ကျောက်ကပ် သို့မဟုတ် နှလုံးပြဿနာများ ဖြစ်စေနိုင်ပါတယ်။ ပိုတက်စီယမ်ကြွယ်ဝတဲ့ သခွားသီးကို အလွန်အကျွံစားသုံးခြင်းက လေပွခြင်း၊ ဗိုက်အောင့်ခြင်းတို့ ဖြစ်စေနိုင်ပြီး အချို့ကိစ္စများတွင် ကျောက်ကပ်ကိုပါ ထိခိုက်စေနိုင်ပါတယ်။ တခါတလေ သခွားသီးကို လတ်လတ်ဆတ်ဆတ် လှီးဖြတ်တဲ့ အခါမှာ ခါးပြီး အရသာမရှိတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သခွားသီးထဲမှာ သခွားသီးကို ခါးသွားစေတဲ့ cucurbitacins နဲ့ tetracyclic triterpenioid ကဲ့သို့သော ဓာတုပစ္စည်းတွေ ပါဝင်နေတာကြောင့်ဖြစ်ပါတယ်။ အဆိုပါ အဆိပ်သင့် ဓာတုပစ္စည်းတွေဟာ ကျန်းမာရေးကို ထိခိုက်စေနိုင်ပြီး ဓာတ်မတည့်မှုတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။ သခွားသီးဟာ ပိုတက်စီယမ် အရင်းအမြစ်ကောင်းတစ်ခုဖြစ်ပြီး သွေးပေါင်ချိန်ပြဿနာတွေကို ထိန်းညှိပေးပါတယ်။ ဒါပေမယ့် အလွန်အကျွံ စားသုံးခြင်းဟာ bloating၊ ကြွက်တက်ခြင်း၊ အစာအိမ် နဲ့ ကျောက်ကပ်ကျန်းမာရေးတို့ကို ဖြစ်စေနိုင်တဲ့ Hyperkalemia ကျန်းမာရေး အခြေအနေတွေကို ဖြစ်စေနိုင်ပါတယ်။ နောက်ပြီးတော့ သခွားသီးကို အလွန်အကျွံစားသုံးမိရင် ရေဓာတ်ဆုံးရှုံးပြီး ရေဓာတ်ခန်းခြောက်နိုင်ပါတယ်။ သခွားသီးကလည်း သွေးကြောတွေကို ထိခိုက်စေနိုင်ပါတယ်။ (NVS 003)

23 Jun

ADVERTISE HERE .