"ငလျင်ဒဏ်ခံစားခဲ့ရတဲ့ မန္တလေးမစိုးရိမ်တိုက်သစ်မှာ စာဝါစာအံကျောင်းများ ပြန်ဖွင့်မည်"

17 Jun

ငလျင်ဒဏ်ခံစားခဲ့ရတဲ့ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်ရှိ မစိုးရိမ်တိုက်သစ်မှာ လာမယ့်ဝါတွင်းကာလ ကနေစပြီး စာဝါ၊စာအံကျောင်းတွေ ပြန်လည်ဖွင့်လှစ်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ စာဝါ၊ စာအံကျောင်းများ ပြန်လည်ဖွင့်လှစ်မှာဖြစ်တဲ့အတွက် မစိုးရိမ်တိုက်သစ်စာသင်သားတွေအနေနဲ့ ဝါဆိုအမီ ပြည်လည်ကြွရောက်ကြဖို့ မစိုးရိမ်တိုက်သစ်နာယကအဖွဲ့မှ ဇွန်လ ၁၅ ရက်က အသိပေးထုတ်ပြန်ထားပါတယ်။ စာသင်သားတွေအတွက် နေရေးကိစ္စတွေကို ကျောင်းတိုက်သစ်မှာရှိတဲ့ ကျောင်းတွေနဲ့ ယာယီကျောင်းဆောင် တွေမှာ နေထိုင်နိုင်ဖို့စီစဉ်ထားပြီး ဆွမ်းကိစ္စကိုနာယကအဖွဲ့က စီမံပေးမှာဖြစ်တယ်လို့ သိရပါတယ်။ တက်ရောက် ကြမယ့် စာသင်သားတွေအနေနဲ့ ကျောင်းတိုက်ကို ပြန်လည်ရောက်ရှိပါက ကျောင်းတာဝန်ခံဆရာတော်များထံ စာရင်း ပေးသွင်းရမှာဖြစ်ပြီး ကျောင်းတာဝန်ခံဆရာတော်များက နေရာချထားရေးကို စီမံပေးမှာဖြစ်ပါတယ်။ မစိုးရိမ် တိုက်သစ်အတွင်းက ငလျင်ဒဏ်သင့်ကျောင်းတွေကိုပြုပြင်နေပြီး ယာယီပင်မစာသင်ကျောင်းဆောင်ကြီးနဲ့အတူ ယာယီကျောင်းတွေကို တည်ဆောက်ကာ စာဝါ၊ စာအံကျောင်းတွေ ပြန်လည်ဖွင့်လှစ်သင်ကြားပေးနေကြောင်း မစိုးရိမ် တိုက်သစ်နာယကအဖွဲ့ကနေ သိရပါတယ်။(NVS 004)

17 Jun

ADVERTISE HERE .