“အန်တိုနီ ကို ဒုတိယအကြိမ် အခွင့်အရေးထပ်ပေးဖို့ တိုက်တွန်းခဲ့တဲ့ ဗန်ဒါးဆား”

16 Jun

မန်ယူအသင်းရဲ့ ဂိုးသမားဟောင်း ဗန်ဒါးဆား က နည်းပြအာမိုရင်မ်အနေနဲ့ တိုက်စစ်ကစားသမား အန်တိုနီကို ဒုတိယအကြိမ် အခွင့်အရေးထပ်ပေးဖို့ တိုက်တွန်းခဲ့ပါတယ်။ ဘရာဇီးလ်တောင်ပံကစားသမား အန်တိုနီ ဟာ ၂၀၂၂ နွေရာသီမှာ အေဂျက်စ်အသင်းကနေ မန်ယူကို ပြောင်းရွှေ့ကြေး ယူရိုသန်း ၁၀၀ နဲ့ ရောက်ရှိခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့် အန်တိုနီ က မန်ယူအသင်းမှာ ခြေစွမ်းပြနိုင်ခြင်းမရှိတာကြောင့် ၂၀၂၅ ဇန်နဝါရီအပြောင်းအရွှေ့မှာ ဘက်တစ်အသင်းထံ အငှားချခံခဲ့ရပါတယ်။ လက်ရှိအချိန်မှာ အန်တိုနီ က ဘက်တစ်အသင်းမှာ ခြေစွမ်းပြနိုင်ခဲ့ပေမဲ့ အာမိုရင်မ် က အသင်းမှာ နေရာ ပြန်ပေးဖို့ ဆန္ဒမရှိတာကြောင့် ဗန်ဒါးဆား က နောက်တစ်ကြိမ် အခွင့်အရေးထပ်ပေးသင့်ကြောင်း တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။ (NVS 008)

16 Jun

ADVERTISE HERE .