“ပြိုကျပျက်စီးနေတဲ့ စေတီ၊ ပုထိုးတော်များပြုပြင်ရန် သီတဂူတဆရာတော်ကြီးထံသို့ အလှူတော်ငွေကျပ်သိန်း ၅၀၀ လာရောက်လှူဒါန်း”

16 Jun

မန္တလေးငလျင်ကြီးဒဏ်ကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းတောင်ရိုးပေါ်ရှိ ပြိုကျပျက်စီးနေသော ဘုရား၊ စေတီ၊ ပုထိုးတော်များကို ပြန်လည်ပြုပြင်ရာ၌အသုံးပြုရန် သီတဂူဆရာတော်ကြီးထံသို့ ပြင်ဦးလွင်မြို့၊ ဗြဟ္မာဝိဟာရီကျောင်းတိုက်ရဲ့ ဦးစီးပဓာနနယက ကမ္ဘာ့သာသနာပြု သီလရှင်ဆရာကြီး ဒေါ်ဒီပင်္ကရာထေရီမှ အလှူတော်ငွေကျပ်သိန်း ၅၀၀ ကို ဇွန်လ ၁၅ ရက်က လာရောက်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ အဆိုပါအလှူငွေများကို သီတဂူဆရာတော်ကြီးမှလက်ခံရယူတော်မူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ် တော်မူခဲ့ကြောင်း သိရပါတယ်။ (NVS 004)

16 Jun

ADVERTISE HERE .