ဂါလာတာစာရေးအသင်းသို့ ပြောင်းရွှေ့ရန် ကြိုးပမ်းနေတဲ့ ဂန်ဒိုဂမ်

15 Jun

မန်စီးတီးအသင်း ကွင်းလယ်ကစားသမား ဂန်ဒိုဂမ် က စာချုပ်ကုန်ဆုံးချိန်မှာ တူကီယဲကလပ် ဂါလာတာ စာရေးအသင်းသို့ ပြောင်းရွှေ့ရန် စိတ်ဝင်စားနေကြောင်း သိရပါတယ်။ ဂါလာတာစာရေးအသင်းက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ တူကီယဲလိဂ်၌ ချန်ပီယံဆုရရှိခဲ့ပြီး ကစားသမားသစ် ခေါ်ယူမှုများ ပြုလုပ်လျက်ရှိရာ ဘိုင်ယန်မြူးနစ်အသင်းမှ ဆာနေး ကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူနိုင်ခဲ့ပြီး မန်စီးတီးအသင်းမှ ကွင်းလယ်ကစားသမား ဂန်ဒိုဂမ် ကိုလည်း ထပ်မံခေါ်ယူရန် ကြိုးပမ်းခဲ့ရာ ကစားသမားကလည်း ပြောင်းရွှေ့ရန် စိတ်ဝင်စားလျက်ရှိနေပါတယ်။ မန်စီးတီးအသင်းက ဂန်ဒိုဂမ် ကို ဆော်ဒီပရိုလိဂ်သို့ မြင့်မားတဲ့ပြောင်းရွှေ့ကြေးဖြင့် ရောင်းချရန်စီစဉ်နေသော် လည်း ကစားသမားကိုယ်တိုင်က ဥရောပတွင်သာ ဆက်လက်ကစားလိုသဖြင့် ဂါလာတာစာရေးအသင်းက ကမ်းလှမ်းလာချိန်တွင် ပြောင်းရွှေ့ရန် ဆန္ဒရှိနေခဲ့တာဖြစ်ပါတယ်။ (NVS 008)

15 Jun

ADVERTISE HERE .