အယ်နာဆာအသင်းသို့ ပြောင်းရွှေ့ပြီး လပိုင်းအကြာ၌ အသင်းမှထွက်ခွာရန် ဆုံးဖြတ်ခဲ့တဲ့ ဒူရမ်

15 Jun

အယ်နာဆာအသင်း တိုက်စစ်ကစားသမား ဒူရမ် ဟာ အသင်းသို့ပြောင်းရွှေ့ကစားပြီးနောက် လပိုင်း အကြာတွင် အသင်းမှထွက်ခွာရန် ပြင်ဆင်နေကြောင်း သိရပါတယ်။ အသက် ၂၁ နှစ်အရွယ် ဒူရမ် အနေနဲ့ အက်စ်တွန်ဗီလာအသင်းမှာ အကောင်းဆုံးခြေစွမ်းပြနိုင်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလ ကစားသမားအပြောင်းအရွှေ့တွင် အက်စ်တွန်ဗီလာအသင်းမှ အယ်နာဆာအသင်းသို့ စတာလင်ပေါင် ၆၅ သန်းဖြင့် ပြောင်းရွှေ့ကစားခဲ့သူဖြစ်ပါတယ်။ ဒူရမ် အနေနဲ့ အယ်နာဆာအသင်းတွင်လည်း ယခုဘောလုံးရာသီ ဒုတိယရာသီဝက်ကာလတွင် အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ကာ ၁၈ ပွဲပါဝင်ကစားခဲ့ပြီး ၁၂ ဂိုးသွင်းယူနိုင်ခဲ့သော်လည်း ဆော်ဒီနိုင်ငံ၌ နေထိုင်လိုခြင်း မရှိတော့တဲ့အတွက် အသင်းမှ ပြန်လည်ထွက်ခွာရန် ပြင်ဆင်နေခြင်းဖြစ်ပါတယ်။ အင်တာဗျူးအစီအစဉ်တစ်ခုတွင် ဒူရမ် က ဆော်ဒီနိုင်ငံ၌ နေထိုင်လိုခြင်းမရှိကြောင်း ပြောကြားခဲ့ပြီးနောက် အယ်နာဆာအသင်း ပရိသတ်များက ပြင်းပြင်းထန်ထန် ဝေဖန်မှုလုပ်ဆောင်ခဲ့ပါတယ်။ ဒူရမ် ကိုယ်တိုင်က အသင်းမှ ထွက်ခွာရန်ပြင်ဆင်နေပြီး အယ်နာဆာအသင်းက အပြီးသတ်ရောင်းချလိုခြင်းမရှိလို့ အငှားစာချုပ်ဖြင့်သာ စေလွှတ် နိုင်ရန် စီစဉ်လျက်ရှိနေပါတယ်။ (NVS 008)

15 Jun

ADVERTISE HERE .