“ကူညာ ကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်တဲ့ မန်ယူအသင်း”

13 Jun

မန်ယူအသင်းဟာ ဝုလ်ဗ်အသင်းက ဘရာဇီးလ်တိုက်စစ်ကစားသမား ကူညာကို ပေါင် ၆၃ သန်းနဲ့ ပေးချေပြီး ၅ နှစ်စာချုပ်နဲ့ခေါ်ယူနိုင်လိုက်ပြီလို့ အတည်ပြုကြေညာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာ ကူညာ ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး သတင်းများစွာ ပေါ်ပေါက်ခဲ့ပေမယ့် အခုအချိန်မှသာ တရားဝင်လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။ အဆိုပါစာချုပ်မှာ နောက်ထပ် တစ်နှစ် သက်တမ်း တိုးခွင့်ကို ထည့်သွင်းချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ ကူညာ ဟာ ဝုဗ်အသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြသနိုင်ခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်ခဲ့ပါတယ်။ ကူညာ ဟာ အခြားသောနာမည်ကြီးအသင်းများရဲ့ ကမ်းလှမ်းချက်များကို ငြင်းပယ်ခဲ့ပြီး သူ့အကြိုက်ဆုံးအင်္ဂလန်အသင်းတစ်သင်းဖြစ်တဲ့ မန်ယူအသင်းကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ (NVS 008)

13 Jun

ADVERTISE HERE .