“ဒီဘရိုင်းကို ခေါ်ယူခဲ့တဲ့ နာပိုလီအသင်း”

13 Jun

မန်စီးတီးအသင်း ကွင်းလယ်ကစားသမားဟောင်း ဒီဘရိုင်း ကို ခေါ်ယူနိုင်ခဲ့ပြီလို့ နာပိုလီအသင်းက အတည်ပြုကြေညာခဲ့ပါတယ်။ အသက် ၃၃ နှစ်အရွယ် ဒီဘရိုင်း ဟာ မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးပြီး လမ်းခွဲခဲ့တာဖြစ်လို့ နာပိုလီအသင်းက ပြောင်းရွှေ့ကြေးအလွတ်နဲ့ ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီဘရိုင်းက ဥရောပမှာပဲ ဆက်ကစားချင်တာကြောင့် ဆော်ဒီကလပ်တွေရဲ့ ကမ်းလှမ်းခြင်းကို ငြင်းပယ်ခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရရှိခဲ့တဲ့ စီးရီးအေချန်ပီယံ နာပိုလီအသင်းကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ နာပိုလီအသင်းက ဒီဘရိုင်း ကို ၂ နှစ် စာချုပ် ချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။ (NVS 008)

13 Jun

ADVERTISE HERE .