“သောမတ်စ်ဖရန့်ခ် ကို နည်းပြသစ်အဖြစ်ခန့်အပ်ခဲ့ကြောင်းအတည်ပြုကြေညာခဲ့တဲ့ စပါးအသင်း”
13 Jun
စပါးအသင်းက သောမတ်စ်ဖရန့်ခ် ကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပြီဖြစ်တယ်လို့ အတည်ပြုကြေညာ ခဲ့ပါတယ်။ စပါးအသင်းဟာ ယူရိုပါလိဂ်ချန်ပီယံဆု ရယူပေးခဲ့တဲ့ နည်းပြ ပိုစတီကိုဂလူး နဲ့ လမ်းခွဲခဲ့ပြီးနောက် ဘရန့်ဖို့ဒ်နည်းပြ သောမတ်စ်ဖရန့်ခ် ကို အစားထိုးခန့်အပ်ဖို့ ကြိုးပမ်းနေခဲ့ပါတယ်။ အခုချိန်မှာတော့ စပါး အသင်းက သောမတ်စ်ဖရန့်ခ် ကို ၃ နှစ်စာချုပ်နဲ့ ခန့်အပ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် နည်းပြ သောမတ်စ်ဖရန့်ခ် ဟာ စပါးအသင်း ဥက္ကဋ္ဌ လီဗီ ရဲ့ တာဝန်ယူစဥ်ကာလအတွင်း ခန့်အပ်ခံရတဲ့ ၁၃ ဦးမြောက်နည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ (NVS 008)
13 Jun