"ငလျင်သင့်ဒေသများကို Instant House များ ပေးအပ်လှူဒါန်းမည်"
13 Jun
ဂျပန်ကုမ္ပဏီတစ်ခုဖြစ်တဲ့ LIFULL ArchiTech ဟာ မြန်မာနိုင်ငံရှိ ငလျင်ဘေးသင့်ဒေသတွေမှာ Instant House တွေ ထောက်ပံ့လှူဒါန်းသွားမယ်လို့ LIFULL ArchiTech ကုမ္ပဏီဒါရိုက်တာ Tsukasa Yamanaka က ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံ ငလျင်ဘေးသင့်သူတွေအတွက် အသင့်သုံးအိမ်တွေကို အသုံးပြုပြီး ပြည်တွင်းဆောက်လုပ်ရေး ဖြစ်နိုင်ခြေကို အတည်ပြုနိုင်ဖို့ DRM (Diamond Rental Myanmar) ကုမ္ပဏီနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး စမ်းသပ် ဆောက်လုပ်ခဲ့တာ ဖြစ်ပါတယ်၊၊ လက်ရှိမှာ ငလျင်ဒဏ်ခံစားခဲ့ရတဲ့ ဒေသတွေကို သွားရောက်ကြည့်ရှုစစ်ဆေးတာတွေ ဆောင်ရွက်ခဲ့ပြီး အလှူရှင်တွေနဲ့အတူ ပူးပေါင်းကာ လိုအပ်သလောက် လှူဒါန်းသွားမယ်လို့ သိရပါတယ်၊၊ Instant House တွေကို ဂျပန်နည်းပညာနဲ့ ပြုလုပ်မှာဖြစ်ပြီး မိသားစု ၇ ယောက်အထိ နေထိုင်လို့ရအောင် ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ လက်ရှိမှာ ငလျင်ဘေးသင့်ဒေသတွေအတွက် Instant House တွေကို အမြန်ဆုံးလှူဒါန်းသွားနိုင်အောင် ဆောင်ရွက်နေပြီး အတူပူပေါင်းလှူဒါန်းလိုတဲ့ အလှူရှင်တွေအနေနဲ့ လာရောက်ပူးပေါင်းဆောင်ရွက်ပေးစေလို ကြောင်း သိရပါတယ်။ (NVS 004)