“မကွေးတိုင်းဒေသကြီးအတွင်း မိုးရာသီအတွင်း နှမ်းသီးနှံဧက ၁၂ သိန်းခန့် စိုက်ပျိုးမည်”

13 Jun

မကွေးတိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးထားဆောင်ရွက် လျက်ရှိရာ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် နှမ်းဧက ၁၂ သိန်းခန့် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရပါတယ်။ မကွေးတိုင်းဒေသကြီး၌ ဆီထွက်သီးနှံများစိုက်ပျိုးရာတွင် နှမ်းကိုအများဆုံးစိုက်ပျိုးကြပြီး မိုးကောင်းသောက် ယာမြေများ၌ အဓိကထားစိုက်ပျိုးကြပြီး စိုက်ပျိုးရာတွင် အထွက်နှုန်းကောင်းမျိုးများနှင့် ဒေသနှင့်ကိုက်ညီသော နှမ်းမျိုး များကို အများဆုံးစိုက်ပျိုးလျက်ရှိပါတယ်။ နှမ်းစိုက်ပျိုးရာတွင် စိုက်ဧကအားလုံး တစ်ဧကပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် သက်ဆိုင်ရာစိုက်ပျိုးရေးဦးစီး ဌာနမှ တောင်သူများမျိုးကောင်းမျိုးသန့်သုံးစွဲနိုင်ရေး၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရေးနှင့် စိုက်ပျိုးရေးနည်းပညာ ဖြန့်ဝေ ပေးခြင်းလုပ်ငန်းများကို စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ မကွေးတိုင်းဒေသကြီးအတွင်း၌ စပါး၊ နှမ်း၊ နေကြာ အပါအဝင် အဓိကသီးနှံ ၁ဝ မျိုးကို ဦးစားပေးစိုက်ပျိုးကြပြီး ယခုနှစ်မှာတော့ စုစုပေါင်းသီးနှံစုံစိုက်ဧက ၆၅ သိန်းကျော် စိုက်ပျိုးနိုင်ရန် မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ (NVS-004)

13 Jun

ADVERTISE HERE .