“ယူနက်စကို တင်သွင်းရန်စီစဉ်ထားသည့် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များစာရင်းထဲတွင် မဟာဂီတပါဝင်”

12 Jun

ယူနက်စကိုသို့ တင်သွင်းရန်စီစဉ်ထားသည့် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များစာရင်းထဲတွင် မဟာဂီတ ပါဝင်နေ ကြောင်း Myanmar Cultural Heritage Trust မှ သိရပါတယ်။ ယူနက်စကို၏ လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင် ၂၀၂၄ ခုနှစ်က မြန်မာ့ရိုးရာ နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်သည် ပထမဆုံးအကြိမ် အဖြစ် စာရင်းဝင်ခဲ့ပြီး ယခုနှစ်မှာ မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို မတ်လကုန် နောက်ဆုံးထားကာ တင်သွင်းထား ပါတယ်။ မြန်မာနိုင်ငံတွင် ယူနက်စကိုတင်သွင်းရန် လက်လှမ်းမီနိုင်သည့် ယဉ်ကျေးမှုအမွေအနှစ်များ အများအပြားရှိနေပြီး စာရင်းကောက်ယူ မှတ်တမ်းပြုစုထားသော အမျိုးသားအဆင့်ယဉ်ကျေးမှုပေါင်း ၂,၂၀ဝ ခန့်ရှိရာ အဆိုပါယဉ်ကျေးမှုများ ကိုလည်း ယူနက်စကိုသို့ နှစ်စဉ်တင်သွင်းရန် စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ ယူနက်စကိုတင်သွင်းသွားမည့် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များကို အင်တာနက်မှတစ်ဆင့် ပြည်သူများကိုယ်တိုင် မဲပေးရွေးချယ်စေမည်ဖြစ်ပြီး ယဉ်ကျေးမှုငါးခုခန့်ကို အင်တာနက်တွင်တင်ကာ Voting စနစ်ဖြင့် ရွေးချယ်သွားမှာ ဖြစ်ပါတယ်။ ယူနက်စကို၏ Intangible Cultural Heritage(ICH)ကို ၂၀ဝ၃ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး မြန်မာနိုင်ငံသည် ၂၀၁၃ ခုနှစ်တွင် ၎င်းကွန်ဗင်းရှင်းကို ပါဝင်လက်မှတ်ရေးထိုးခဲ့ကာ မြန်မာနိုင်ငံရှိ ပျူခေတ်မြို့ပြနိုင်ငံများဖြစ်တဲ့ သရေခေတ္တရာ၊ ဟန်လင်း၊ ဗိဿနိုးမြို့ဟောင်းနေရာများကို ယူနက်စကိုစာရင်းဝင်ဒေသများအဖြစ် ၂၀၀၄ ခုနှစ်တွင် သတ်မှတ်ခဲ့သည့် အပြင် ပုဂံဒေသကိုလည်း ၂၀၁၉ ခုနှစ်တွင် သတ်မှတ်ခဲ့ကြောင်း သိရပါတယ်။ (NVS-004)

12 Jun

ADVERTISE HERE .