ဖလော်ရီယန်ဗက်ဇ် ကို ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့တဲ့ လီဗာပူးလ်အသင်း

11 Jun

လီဗာပူးလ်အသင်းဟာ လေဗာကူဆင်အသင်း က ဂျာမန်တိုက်စစ်ကစားသမား ဖလော်ရီယန်ဗက်ဇ် ကို ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီလို့ သိရပါတယ်။ လီဗာပူးလ်အသင်းနဲ့ လေဗာကူဆင်အသင်းအကြား ပြောင်းရွှေ့ကြေး ယူရိုသန်း ၁၅၀ (ပေါင် ၁၂၆.၉ သန်း)နဲ့ သဘောတူညီမှုရခဲ့တယ်လို့ သိရပါတယ်။ ဗက်ဇ် ရဲ့ပြောင်းရွှေ့ကြေးက ယခင်ဗြိတိန်စံချိန်တင်ခဲ့တဲ့ လီဗာပူးလ်အသင်း ကနေ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ကစားခဲ့တဲ့ ကော်တင်ဟို ရဲ့ ပြောင်းရွှေ့ကြေးစံချိန် ယူရို ၁၃၅ သန်းကို ကျော်ဖြတ်ခဲ့ပါတယ်။ ဒါ့အပြင် အမြင့်ဆုံးပြောင်းရွှေ့ကြေးဖြစ်တဲ့ ချဲလ်ဆီးအသင်းက အန်ဇိုဖာနန်ဒက်ဇ် ရဲ့ ပြောင်း‌ရွှေ့ကြေးထက် ပိုမိုများခဲ့ပါတယ်။ အပြောင်းအရွှေ့အတွက် နှစ်ဖက်အသင်းကြား အပြီးသတ်သဘောတူညီမှုရခဲ့ပြီး ဆေးစစ်ဖို့နဲ့ စာချုပ်ချုပ်ဆိုဖို့သာ ကျန်ရှိပါတယ်။ မကြာသေးခင်ကလည်း လီဗာပူးလ်အသင်းဟာ လေဗာကူဆင်အသင်းက ဒတ်ချ် နောက်ခံလူ ဖရင်ပေါင် ကို ခေါ်ယူထားခဲ့ပါတယ်။(NVS 008)

11 Jun

ADVERTISE HERE .