ဆိုစီဒက်ကွင်းလယ်လူ ဇူဘီမန်ဒီ ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့တဲ့ အာဆင်နယ်အသင်း

11 Jun

အာဆင်နယ်အသင်းဟာ ဆိုစီဒက်အသင်းက စပိန်လက်ရွေးစင်ကွင်းလယ်လူ ဇူဘီမန်ဒီ ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပါတယ်။ ဇူဘီမန်ဒီ ရဲ့စာချုပ်လျော်ကြေးပမာဏက ပေါင် ၅၁ သန်း ဖြစ်ပေမဲ့ အာဆင်နယ်အနေနဲ့ အပိုကြေးအပါအဝင် ပေါင် ၅၅ သန်းလောက် ကုန်ကျမယ်လို့ သိရပါတယ်။ အာဆင်နယ်အသင်းဟာ ပြောင်းရွှေ့ကြေးကို သုံးရစ်ခွဲပြီး ပေးချေဖို့လည်း ရှိနေပါတယ်။ ဇူဘီမန်ဒီ ကို ရီးရဲလ်အသင်းကလည်း စိတ်ဝင်စားခဲ့ပေမဲ့ အာဆင်နယ်အသင်းကို ရွေးချယ်ခဲ့တာဖြစ်ပြီး အပြောင်းအရွှေ့ဟာ အောင်မြင်ခဲ့ပြီလို့ စပိန်သတင်းစာများက ‌ရေးသားနေကြပါတယ်။(NVS 008)

11 Jun

ADVERTISE HERE .