နည်းပြအဖြစ် လုပ်ကိုင်ရန် ရည်မှန်းထားတဲ့ မာရေး

11 Jun

ဗြိတိန်တင်းနစ်သမားဟောင်း အင်ဒီမာရေး က တင်းနစ်နည်းပြအဖြစ် လေ့လာသင်ယူစရာတွေ ရှိနေသေး ပေမယ့် နည်းပြအဖြစ် တာဝန်ယူရန် ကမ်းလှမ်းမှုတွေကို ကြိုဆိုနေတယ်လို့ ပြောကြားသွားခဲ့ပါတယ်။ အသက် ၃၈ နှစ်အရွယ် မာရေး ဟာ ၂၀၂၄ ပဲရစ်အိုလံပစ်ပြိုင်ပွဲအပြီးမှာ ကစားသမားဘဝကနေ အနားယူခဲ့ တာဖြစ်ပြီး ၂၀၂၄ နိုဝင်ဘာလမှာ ပြိုင်ဘက်ဟောင်း ဂျိုကိုဗစ် ရဲ့နည်းပြအဖြစ် စတင်တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဂျိုကိုဗစ် ရဲ့ နည်းပြအဖြစ် ပြိုင်ပွဲ ၄ ခုသာ တာဝန်ယူခဲ့ရပြီးနောက် ၂၀၂၅ မေလမှာ လက်တွဲ ဖြုတ်ခဲ့ကြပါတယ်။ ဂျိုကိုဗစ်နဲ့ အတူအလုပ်လုပ်ခဲ့တဲ့ ၆ လတာကာလက စိတ်လှုပ်ရှားဖို့ကောင်းခဲ့သလို လေ့လာစရာ များစွာ သင်ယူဖြစ်ခဲ့ပါတယ်လို့ အင်ဒီမာရေး က ပြောကြားသွားခဲ့ပါတယ်။ နည်းပြအဖြစ် နောက်ထပ်တစ်ကြိမ် ပြန်သွားဖို့ ရည်မှန်းထားသလို အခုတစ်ကြိမ်လုပ်ဖြစ်ခဲ့ရင်တော့ ကာလတိုမဟုတ်ဘဲ ကာလရှည်တာဝန်ယူခွင့်ရဖို့ မျှော်လင့်ထားတယ်လို့လည်း အင်ဒီမာရေး က ပြောပါတယ်။ ကစားသမားဘဝက အနားယူပြီးချိန်မှာ အခုလိုမျိုး နည်းပြအလုပ်ကို ချက်ခြင်းဆိုသလို လုပ်ဖြစ်လိမ့်မယ်လို့ မျှော်လင့်မထားခဲ့ပေမယ့် အခုချိန်မှာတော့ နည်းပြအလုပ်က စိတ်ဝင်စားဖို့ကောင်းတယ်ဆိုတာကို ခံစားမိနေပါတယ် လို့လည်း မာရေး က ရှင်းပြသွားခဲ့ပါတယ်။(NVS 008)

11 Jun

ADVERTISE HERE .