ကမ္ဘာ့ဖလားဝင်ခွင့် တတိယအဆင့်ပွဲစဉ်များအပြီး အာရှဇုန်အသင်းများရဲ့ ရပ်တည်မှုများ

11 Jun

ဇွန်လ ၁၀ ရက်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ အာရှဇုန် တတိယအဆင့် နောက်ဆုံးပွဲစဉ် ရလဒ်များအရ တစ်မှတ်သာလိုတော့တဲ့ ဩစတြေးလျအသင်းက ဆော်ဒီအာရေဗျကို အနိုင်ကစားနိုင်ခဲ့ပြီး ခြေစစ်ပွဲ အောင်မြင်ခဲ့ပါတယ်။ တတိယအဆင့်ကနေ ကမ္ဘာ့ဖလားယှဉ်ပြိုင်ခွင့် ၆ နေရာကိုတော့ ဂျပန်၊ အီရန်၊ တောင်ကိုရီးယား၊ ဂျော်ဒန်၊ ဥဇဘက်ကစ္စတန်နဲ့ သြစတြေးလျအသင်းတို့ ရရှိခဲ့တာ ဖြစ်ပါတယ်။ အုပ်စုတတိယနဲ့ စတုတ္ထရရှိတဲ့ ယူအေအီး၊ ကာတာ၊ အီရတ်၊ အိုမန်၊ ဆော်ဒီအာရေဗျနဲ့ အင်ဒိုနီးရှားအသင်း တွေကတော့ စတုတ္ထအဆင့်အဖြစ် ဆက်လက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ စတုတ္ထအဆင့်ကို သုံးသင်း နှစ်အုပ်စုခွဲမှာ ဖြစ်ပြီး အုပ်စုထိပ်ဆုံးနှစ်သင်း ခြေစစ်ပွဲတိုက်ရိုက်အောင်ကာ ဒုတိယရတဲ့ နှစ်သင်းကတော့ Inter-confederation play-offs အဆင့်အတွက် play-offs ကစားရပါမှာ ဖြစ်ပါတယ်။(NVS 008)

11 Jun

ADVERTISE HERE .