ခြေစစ်ပွဲအောင်မြင်ရန် လက်တစ်ကမ်းသာလိုတော့တဲ့ မြန်မာအသင်း
11 Jun
ဇွန်လ ၁၀ ရက်က ၂၀၂၇ အာရှဖလားခြေစစ်ပွဲ တတိယအဆင့် အုပ်စုပွဲစဉ်မှာ အိမ်ရှင် မြန်မာအသင်းက ပါကစ္စတန်အသင်းကို ၁ ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပြီး နောက်တစ်ဆင့်တက်ရောက်နိုင်ရန် သေချာသလောက်ရှိနေပါပြီ။ အာရှဖလားခြေစစ်ပွဲ တတိယအဆင့် အုပ်စုတွင်းအခြားပွဲစဉ်တွေမှာ ဆီးရီးယားအသင်းက အာဖဂန်နစ္စတန် အသင်းကို ၁ ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။ ဒါကြောင့်နှစ်ပွဲကစားပြီးချိန်မှာ ဆီးရီးယားနဲ့ မြန်မာ နှစ်သင်းစလုံး နှစ်ပွဲစီ အနိုင်ရကာ ခြောက်မှတ်နဲ့ ဦးဆောင်နေပြီး ဆီးရီးယားအသင်းက ဂိုးကွာခြားချက်နဲ့ အုပ်စုထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။(NVS 008)
11 Jun