ဗိုလ်တထောင်စေတီတော်မြတ်ကြီးအား လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းအောင်ပွဲ မင်္ဂလာကျင်းပ
11 Jun
ဗိုလ်တထောင်စေတီတော်မြတ်ကြီးကို လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း အောင်ပွဲမင်္ဂလာ အခမ်းအနားကို ဇွန်လ ၁၀ ရက်နံနက်ပိုင်းက ကျင်းပခဲ့ရာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ သန်လျင် မင်းကျောင်းဆရာတော်ကြီးအမှူးပြုတဲ့ ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူခဲ့ကြပြီး ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် တာဝန်ရှိသူများ၊ အလှူရှင်များတက်ရောက်ကြည်ညိုပူဇော်ခဲ့ကြပါတယ်။ အခမ်းအနားမှာ လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ပြီးဖြစ်တဲ့ ဗိုလ်တထောင်စေတီတော်မြတ်ကြီးကို ဆရာတော်၊ သံဃာတော် ၁၀၈ ပါးက ဗုဒ္ဓါဘိသေက အနေကဇာတင်လှူပူဇော်ခဲ့ကြပြီး ရင်ပြင်တော်ပေါ်ရှိ နန်းဦးဘုရားကြီးတန်ဆောင်းမှာ သန်လျင်မင်းကျောင်းဆရာတော်ကြီးထံမှ ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် တက်ရောက် လာကြသူများက ကိုးပါးသီလခံယူကာ ဆရာတော်၊ သံဃာတော်များကပရိတ်တရားတော်များ ရွတ်ပွားသရဇ္ဈယ် တော်မူခဲ့ကြပါတယ်။ ထို့နောက် ရန်ကုန်တိုင်းဒသကြီးဝန်ကြီးချုပ်က ဗိုလ်တထောင်စေတီတော်မြတ်ကြီးကို လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းလုပ်ငန်းများကို ၅ နှစ် တစ်ကြိမ် အလှူရှင်များရဲ့ လှူဒါန်းမှုနဲ့ ရွှေသင်္ကန်းကပ်လှူ ပူဇော်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြတယ်လို့ လျှောက်ထားကြပါတယ်။ ယခု ၂၀၂၄-၂၀၂၅ ခုနှစ်မှာ လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းကို ဩဝါဒါစရိယဆရာတော်ကြီးများ ထံမှဩဝါဒခံယူ၍ ရန်ကုန်တိုင်းအစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်မှစတင်ဆောင်ရွက်ခဲ့ရာ ၂၀၂၅ ခုနှစ်၊ မေလ ၁၇ ရက်မှာ အောင်မြင်စွာဆောင်ရွက်ပြီးစီးခဲ့ကာ ရွှေစင်/ရွှေသား စုစုပေါင်းအလေးချိန်က ၁၉ ပိဿာ ၉၉ ကျပ်သား၊ ၅ ပဲ၊ ၁ ဒသမ ၅ ရွေး နှင့် ၂ လက်မပတ်လည် မျက်ပါးရွှေဆိုင်းပေါင်း ၇,၃၅၆ ဆိုင်းတို့ကို ကပ်လှူ ပူဇော်ထားရှိပြီးဖြစ်ကြောင်း လျှောက်ထားခဲ့ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ အလှူရှင်များက သန်လျင်မင်းကျောင်း ဆရာတော်ကြီးအပါအဝင် ကြွရောက်တော်မူလာကြတဲ့ ဆရာတော်၊ သံဃာတော်များကို လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီးနောက် လှရတနာဆရာတော်ထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြပါတယ်။(NVS 004)