“ယဉ်ဝေလွင်-ပြည် စာပေဆု စာမူဖိတ်ခေါ်ပြိုင်ပွဲကျင်းပမည်”

11 Jun

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၌ စာရေးဆရာ ယဉ်ဝေလွင်(ပြည်) တည်ထောင်သော ယဉ်ဝေလွင်-ပြည် စာပေဆု ပထမအကြိမ် စာမူဖိတ်ခေါ်ပြိုင်ပွဲကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။ ယဉ်ဝေလွင်-ပြည် စာပေဆု ပထမအကြိမ်စာမူဖိတ်ခေါ်ပြိုင်ပွဲကို ဝတ္ထုရှည်၊ မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာ ဆိုင်ရာ စာပေ၊ လူငယ်စာပေ စတဲ့ စာပေအမျိုးအစားကဏ္ဍ သုံးရပ်ဖြင့် ကျင်းပမှာဖြစ်ပြီး အဆိုပါစာပေ အမျိုးအစား တစ်ခုချင်းစီ၏ ဆုရစာမူများအတွက် ပထမဆု ငွေကျပ်ရှစ်သိန်း၊ ဒုတိယဆု ငွေကျပ်ခြောက်သိန်းနှင့် တတိယဆုငွေကျပ် ငါးသိန်းဖြင့် အသီးသီးချီးမြှင့်သွားမှာဖြစ်ပြီး မည်သူမဆိုစာမူများ ပေးပို့ပါဝင်ယှဉ်ပြိုင်နိုင်ပါတယ်။ စာမူများပေးပို့ရာတွင် ပြိုင်ပွဲဝင်သူ၏ ပတ်စ်ပို့အရွယ် ဓာတ်ပုံနှစ်ပုံနှင့်အတူ သတ်မှတ်ပြိုင်ပွဲဝင်ပုံစံအား ဖောင်ဖြည့်သွင်းပြီး ယဉ်ဝေလွင်-ပြည် စာပေဆုစိစစ်ရွေးချယ်ရေးအဖွဲ့၊ အမှတ်(၄၄၇)၊ ပွဲစားလမ်း၊ ပြည်မြို့သို့ လိပ်မူတပ်၍ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်၊ ညနေ ၅ နာရီ နောက်ဆုံးထားကာ စာမူများကို ပေးပို့ရမှာဖြစ်ပါတယ်။ ပြိုင်ပွဲဝင်ပုံစံနှင့် ပြိုင်ပွဲစည်းကမ်းချက်များကို အသေးစိတ်သိရှိလိုပါက စာမူစိစစ်ရွေးချယ်ရေးအဖွဲ့ ဖုန်း ၀၉-၄၂၃၆၆၉၆၃၁၊ ၀၉-၂၅၃၆၆၂၁၉၆ နှင့် ၀၉-၅၃၁၀၄၂၂ တို့ထံ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။ ဆုရစာမူများအတွက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ်၊ မတ်လ ပြည်မြို့၌ ကျင်းပသွားမည်ဖြစ်ကြောင်းသိရပါတယ်။ (NVS-004)

11 Jun

ADVERTISE HERE .