လက်ရှိ ပိုလန်နည်းပြလက်ထက်တွင် နိုင်ငံအသင်းအတွက် ထပ်မကစားဘူးလို့ လီဝန်ဒေါစကီး ကြေညာ

10 Jun

ပိုလန်လက်ရွေးစင်အသင်းရဲ့ဝါရင့်တိုက်စစ်မှူး လီဝန်ဒေါစကီး က လက်ရှိနည်းပြ ပရိုဘီယာ့ဇ် လက်ထက် မှာ ပိုလန်အသင်းအတွက် ထပ်မကစားတော့ဘူးလို့ ကြေညာလိုက်ပါတယ်။ လီဝန်ဒေါစကီး က ပိုလန်လက်ရွေးစင် အသင်းအတွက် ပွဲပေါင်း ၁၅၈ ပွဲကစားပြီး ၈၅ ဂိုး သွင်းယူပေးထားခဲ့ပါတယ်။ အသက် ၃၆ နှစ်အရွယ် ရှိပြီဖြစ်တဲ့ လီဝန်ဒေါစကီး ဟာ ပိုလန်အသင်း ခေါင်းဆောင်တာဝန်ကို ၂၀၁၄ ခုနှစ်ကတည်း က ရယူခဲ့သူဖြစ်ပါတယ်။ လက်ရှိ ပိုလန်အသင်းနည်းပြဖြစ်သူ ပရိုဘီယာ့ဇ် က အသင်းနည်းပြဖြစ်လာပြီးနောက် နိုင်ငံတကာ ရက်သတ္တပတ် ကစား ပွဲများတွင် အင်တာမီလန် ကွင်းလယ်ကစားသမား ဇီလင်စကီးကို အသင်းခေါင်းဆောင်အဖြစ် ပြောင်းလဲ ခန့်အပ်ခဲ့တယ်။ ဒါကြောင့် လီဝန်ဒေါစကီး က အသင်းလူစာရင်းမှ နုတ်ထွက်ခဲ့သည့်အပြင် နည်းပြ ပရိုဘီယာ့ဇ် တာဝန်ယူနေသမျှ ကာလတစ်လျှောက် နိုင်ငံလက်ရွေးစင်အသင်းအတွက် ထပ်မံမကစား‌တော့ဘူးလို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။(NVS 008)

10 Jun

ADVERTISE HERE .