ဆန်းဒါးလန်းကွင်းလယ်လူ ဂျို့ဘ် ဘယ်လင်ဟမ်ကို ဒေါ့မွန်အသင်းမှ ခေါ်ယူ
10 Jun
ဒေါ့မွန်အသင်းဟာ ဆန်းဒါးလန်းအသင်းရဲ့ လူငယ်ကွင်းလယ်လူ ဂျို့ဘ်ဘယ်လင်ဟမ်ကို ပေါင် ၃၁ သန်းနဲ့ ခေါ်ယူဖို့အတွက် သဘောတူညီမှုရရှိခဲ့ပြီလို့ သိရပါတယ်။ အသက် ၁၉ နှစ်အရွယ် ဘယ်လင်ဟမ် ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီအကုန်မှာ ဆန်းဒါးလန်းအသင်းကို ပရီးမီးယားလိဂ်သို့ ပြန်လည်၍တန်းတက်ခွင့်ရအောင် ကူညီ ပေးခဲ့ပြီးနောက် ဥရောပထိပ်တန်းအသင်းတွေရဲ့ စိတ်ဝင်စားမှုကို ခံလာရတာဖြစ်ပါတယ်။ အင်္ဂလန်လက်ရွေးစင် ဂျူဒ် ဘယ်လင်ဟမ် ရဲ့ ညီလည်းဖြစ်တဲ့ ဂျို့ဘ်ဘယ်လင်ဟမ် ရဲ့ ဒေါ့မွန်အသင်းဆီ အပြောင်းအရွှေ့က ဇွန်လ ၁၀ ရက်အမီ အပြီးသတ်နိုင်မှာဖြစ်ပြီး ဘယ်လင်ဟမ် ဟာ ဒေါ့မွန်အသင်းနဲ့အတူ ကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ပြိုင်ခွင့်ရမှာလည်း ဖြစ်ပါတယ်။ ဘယ်လင်ဟမ် အနေနဲ့ ဇွန်လ ၁၁ ကနေ ၂၈ အထိ စလိုဗက်ကီးယားနိုင်ငံမှာ ကျင်းပမယ့် ဥရောပ ယူ-၂၁ ချန်ပီယံရှစ်ပြိုင်ပွဲဝင် အင်္ဂလန် ယူ-၂၁ အသင်းလူစာရင်းမှာ ပါဝင်နေပေမယ့် နည်းပြ ကာစလေ က ကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ရမယ့် ကစားသမားတွေကို စေလွှတ်ပေးမှာဖြစ်တယ်လို့ ပြောကြားထားခဲ့လို့ ဒေါ့မွန်အသင်း နဲ့အတူ ပြိုင်ပွဲဝင်ပြိုင်ခွင့်ရရှိမှာ ဖြစ်ပါတယ်။ (NVS 008)