မန်စီးတီးနည်းပြ ဂွါဒီယိုလာ က ကမ္ဘာ့ဖလားပြိုင်ပွဲဝင် လက်ရွေးစင်အသင်းကို ကိုင်တွယ်လိုကြောင်း ဝန်ခံပြောကြား

10 Jun

အနာဂတ်ကာလမှာ မန်စီးတီးနည်းပြ ဂွါဒီယိုလာ က ကမ္ဘာ့ဖလားပြိုင်ပွဲဝင် နိုင်ငံလက်ရွးစင် အသင်း တစ်သင်းကို ကိုင်တွယ်လိုတယ်လို့ ဖွင့်ဟပြောကြားခဲ့ပါတယ်။ လက်ရှိမှာ စပိန်လူမျိုးနည်းပြ ဂွါဒီယိုလာ က ပရီးမီးယားလိဂ်ထိပ်သီး မန်စီးတီးအသင်းကို ကိုင်တွယ်နေတာဖြစ်ပြီး အနာဂတ်မှာတော့ ကမ္ဘာ့ဖလား၊ ယူရိုပြိုင်ပွဲ ဒါမှမဟုတ် ကိုပါအမေရိကပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် လက်ရွေးစင်အသင်းတစ်သင်းကို ကိုင်တွယ် နည်းပြလိုတယ်လို့ Reuters သတင်းဌာနကို ပြောကြားခဲ့ကြောင်း သိရပါတယ်။ ဂွါဒီယိုလာဟာ မန်စီးတီးအသင်းနဲ့ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်မှာ ၂၀၂၇ ခုနှစ်အထိ သက်တမ်းတိုးစာချုပ်သစ်ကို ချုပ်ဆိုခဲ့ပေမယ့် အသင်းရဲ့လူစာရင်းက လျှော့ပေါ့မည်ဆိုပါက ရာထူးကနေနုတ်ထွက်မယ်လို့ ခြိမ်းခြောက်ပြောဆို ထားပါတယ်။ ဒါကြောင့် ဂွါဒီယိုလာ ရဲ့ မန်စီးတီးနည်းပြဘဝက ဆက်လက်တည်မြဲနေရန် အခွင့်အရေး နည်းပါးနေပြီး နည်းပြကိုယ်တိုင်ကလည်း နိုင်ငံအသင်းတစ်သင်းကို ကိုင်တွယ်ရန်ဆန္ဒရှိနေပါတယ်။(NVS 008)

10 Jun

ADVERTISE HERE .