“မြန်မာ-တရုတ် စီးပွားရေးစင်္ကြံ မဟာဗျူဟာမြောက်စီမံကိန်းများတွင် ပါဝင်သည့်စီမံကိန်းများ အမြန်ဆုံး အကောင်အထည်ဖော်ရန် ဆွေးနွေး”

10 Jun

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် သည် တရုတ်နိုင်ငံသံအမတ်ကြီး H.E. Ms. Ma Jia အား ဇွန်လ ၉ ရက်က နေပြည်တော်ရှိ စွမ်းအင်ဝန်ကြီးဌာန ရေနံ့သာဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ သိရပါတယ်။ တွေ့ဆုံစဉ်မှာ စွမ်းအင်ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရန် နှစ်နိုင်ငံခေါင်းဆောင်များ သဘောတူညီထားမှုများ အပေါ် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများ၊ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား စွမ်းအင်ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုများကို ယခင်ကထက် ပိုမိုတိုးမြှင့် ဆောင်ရွက်ရေးကို ဆွေးနွေးခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံ၏ အလားအလာကောင်းသော ကမ်းလွန်လုပ်ကွက်များတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်ခြင်းတို့အတွက် တရုတ်နိုင်ငံမှကုမ္ပဏီများ လာရောက်ရင်းနှီးမြှုပ်နှံရေး၊ ဆောင်ရွက်ဆဲ ကမ်းလွန်လုပ်ကွက်တွင် ဆက်လက်ဆောင်ရွက်မည့် ရှာဖွေ၊ တူးဖော်ရေးလုပ်ငန်းများအတွက် ပူးပေါင်းဆောင်ရွက် သွားမည့် တရုတ်ကုမ္ပဏီများအား တွန်းအားပေးကူညီဆောင်ရွက်ရေး၊ အရှေ့တောင်အာရှ ရေနံစိမ်းပိုက်လိုင်းမှ ရေနံစိမ်းများရယူပြီး ရေနံချက်စက်ရုံသစ်စီမံကိန်း ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ရေးကိစ္စနှင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိတဲ့ ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းအောက်ရှိ မြန်မာ-တရုတ် စီးပွားရေးစင်္ကြံ မဟာဗျူဟာမြောက်စီမံကိန်းများတွင်ပါဝင်သည့် စွမ်းအင်ကဏ္ဍဆိုင်ရာ စီမံကိန်းများကို အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်ရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ (NVS-004)

10 Jun

ADVERTISE HERE .