“သုခဒဂုံပြည်သူ့အငှားအိမ်ရာရှိ ထပ်မံပြီးစီးသည့် တိုက် ၄ လုံးကို မဲနှိုက်နေရာချထားပေးမည်”

10 Jun

ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်ရှိ သုခဒဂုံပြည်သူ့အငှားအိမ်ရာမှ ထပ်မံပြီးစီးသည့် တိုက် ၄ လုံးကို မကြာမီ မဲနှိုက်နေရာချထားပေးမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ အသိပေး ကြေညာထားကြောင်း သိရပါတယ်။ သုခဒဂုံအိမ်ရာအတွင်း တိုက်ခန်းနှင့်ဆိုင်ခန်းများကို ဝယ်ယူခွင့်ရမည်ဆိုပြီး လိမ်လည်သူများ၊ တိုက်ခန်းငှားရမ်းခွင့်ရမည်ဟု ပြောဆိုလိမ်ညာသူများရှိနေခြင်းကြောင့် ပြည်သူများအနေနဲ့ လိမ်ညာ မခံရအောင် သတိပြုကြရန်လည်း အသိပေးထားပါတယ်။ အဆိုပါ သုခဒဂုံအိမ်ရာသည် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂)လမ်းမကြီးနှင့် ရန်ကုန်မြို့ပတ် လမ်းမကြီး လမ်းဆုံအနီးတွင် အကောင်အထည်ဖော်တည်ဆောက်ထားသည့် ပြည်သူ့အငှားအိမ်ရာဖြစ်ပါတယ်။ လက်ရှိမှာ ထပ်မံတည်ဆောက်ပြီးတဲ့ တိုက် ၄ လုံးအတွက် မဲနှိုက်ခွင့်ရှိသည့် မြို့နယ်နှင့် ဌာနဆိုင်ရာအမည်များကို ဇွန်လ ၁၀ ရက်မှာ ထပ်မံကြေညာပေးသွားမှာဖြစ်ပါတယ်။ သုခဒဂုံအိမ်ရာရှိ အထပ်အလိုက် တစ်လငှားရမ်းခ နှုန်းထားများမှာ ပထမထပ်အတွက် ၆၇,၀၀၀ ကျပ်၊ ဒုတိယထပ်အတွက် ၆၀,၀၀၀ ကျပ်၊ တတိယထပ်အတွက် ၅၅,၀၀၀ ကျပ်နှင့် စတုတ္ထထပ်အတွက် ၄၆,၀၀၀ ကျပ်အဖြစ် သတ်မှတ်ထားရှိပါတယ်။ (NVS-004)

10 Jun

ADVERTISE HERE .