“ITPEC Exam အောင်လက်မှတ်ပေးအပ်ပွဲ အခမ်းအနားကျင်းပမည်”

09 Jun

၂ဝ၂၅ ခုနှစ်၊ ဧပြီလ ၂၇ ရက်တွင် ကျင်းပခဲ့ပြလုပ်ခဲ့တဲ့ ITPEC Exam အတွက် ခုနစ်နိုင်ငံအသိအမှတ်ပြု ITPEC Exam အောင်လက်မှတ်ချီးမြှင့်ပေးအပ်ခြင်း အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်တွင် လှိုင်မြို့နယ်ရှိ MICT Park, Conference Hall မှာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ အခမ်းအနားသို့ တက်ရောက်မည့်သူများသည် https://forms.gle/TWC8vxAwPy 7ayEAEB Link မှ ဝင်ရောက်၍ ဇွန်လ ၂၀ ရက်နောက်ဆုံးထားကာ စာရင်းပေးသွင်းရမည်ဖြစ်ပြီး စာရင်းပေးသွင်းထားခြင်းမရှိသူများကို အောင်လက်မှတ် ပေးအပ်မည်မဟုတ်ဘဲ သီးသန့်ထုတ်ယူရမှာဖြစ်ပါတယ်။ သင်တန်းကျောင်းများမှ အောင်မြင်သူများသည် မိမိတို့ သက်ဆိုင်ရာ သင်တန်းကျောင်းများမှတစ်ဆင့် အောင်လက်မှတ်ပေးပွဲသို့ တက်ရောက်ရန် သတင်းပေးပို့ကြရမှာဖြစ်ပါ တယ်။ အခမ်းအနားသို့ အောင်လက်မှတ်များ တက်ရောက်မယူသူများအနေနဲ့ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၄ ရက်မှ စတင်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ ကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊ အဆောင် (၁၄)၊ ၂ လွှာ၊ MICT Park ဖုန်း-ဝ၁၉၃၃၉၂၂ဝ၊ ဝ၉ ၄ဝ၈၈၃၃၂၂ဝ နှင့် သက်ဆိုင်ရာသင်တန်းကျောင်းများတွင် လာရောက်ထုတ်ယူနိုင်မှာဖြစ်ပါတယ်။ ပြည်နယ်တိုင်းဒေသကြီးများမှ ITPEC အောင်မြင်သူများအနေနဲ့ မန္တလေးတိုင်းဒေသကြီး ဖုန်း-၀၉ ၇၉၇၁၉၉၉၁၈၊ မကွေးတိုင်းဒေသကြီး ဖုန်း-ဝ၉ ၅၃၄၁၁၅ဝ၊ ကရင်ပြည်နယ် ဖုန်း-ဝ၉ ၅၁၃၆၄၁၇ဖြင့် အသင်းရုံးများသို့ ဆက်သွယ်ပြီး အောင်လက်မှတ်များ ထုတ်ယူနိုင်ကြောင်း သိရပါတယ်။ (NVS-004)

09 Jun

ADVERTISE HERE .