“အီတလီလက်ရွေးစင်အသင်းကို ကိုင်တွယ်ပေးဖို့ တောင်းဆိုခံထားရတဲ့ ရာနီရေးရီ”
09 Jun
အသက် ၇၃ နှစ်ရှိပြီဖြစ်တဲ့ ဝါရင့်နည်းပြကြီး ရာနီရေးရီ ဟာ အီတလီလက်ရွေးစင်အသင်းကို ကိုင်တွယ်ပေးဖို့ လူမှုကွန်ရက်ကတစ်ဆင့် ပရိသတ်တွေရဲ့ တောင်းဆိုခြင်းခံခဲ့ရပါတယ်။ အီတလီအသင်းက အခုတစ်ပတ် စတင်ကစားရတဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ နော်ဝေအသင်းကို ၃ ဂိုး ပြတ်နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် အဲဒီပွဲအပြီးမှာပဲ အီတလီပရိသတ်တချို့က အီတလီအသင်း ခြေစစ်ပွဲအောင်မြင်ဖို့ ရာနီရေးရီ ကယ်တင်ပေးမှဖြစ်တော့မယ်လို့ တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။ အီတလီအသင်းက ကမ္ဘာ့ဖလားနှစ်ကြိမ်ဆက် ခြေစစ်ပွဲမအောင်မြင်ခဲ့တာကြောင့် ပရိသတ်တချို့က လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ လွဲချော်ရမှာကိုလည်း စိုးရိမ်နေကြပါတယ်။ လက်ရှိနည်းပြ စပယ်လက်တီလက်ထက်မှာ နောက်ဆုံး ၄ ပွဲဆက် နိုင်ပွဲပျောက်နေတာကြောင့် နည်းပြအပြောင်းအလဲပြုလုပ်လာတာ ဖြစ်ပါတယ်။ ရာနီရေးရီ ဟာ မကြာသေးမီက နည်းပြလောကကနေ အနားယူခဲ့ပြီဖြစ်ပေမဲ့ ပထမတစ်ကြိမ် အနားယူပြီးမှ ရိုးမားအသင်းကို ပြန်လည်ကိုင်တွယ်ခဲ့တဲ့ သာဓကရှိထားတာကြောင့် ပရိသတ်တွေက တောင်းဆိုနေခဲ့တာ ဖြစ်ပါတယ်။ (NVS 008)