“ဖလော်ရီယန်ဗက်ဇ် ကို နောက်ဆုံးအကြိမ် ကမ်းလှမ်းဖို့စီစဉ်မယ့် လီဗာပူးလ်အသင်း”

09 Jun

လီဗာပူးလ်အသင်းဟာ ကမ်းလှမ်းမှု သုံးကြိမ် ပယ်ချခံခဲ့ရတဲ့ ဂျာမန်ကွင်းလယ်တိုက်စစ်ကစားသမား ဖလော်ရီ ယန်ဗက်ဇ် ကို နောက်ဆုံးအကြိမ် ထပ်မံကမ်းလှမ်းဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။ အသက် ၂၂ အရွယ် ဖလော်ရီယန်ဗက်ဇ် က လီဗာပူးလ်အသင်းရဲ့ လက်ရှိနွေရာသီ အဓိကပစ်မှတ်ကစားသမား ဖြစ်နေတာကြောင့် အရခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် လေဗာကူဆင်အသင်းကလည်း သူတို့ရဲ့ ကစားသမားအတွက် ပြောင်းရွှေ့ကြေး အမြတ်များများရချင်နေတာကြောင့် ကမ်းလှမ်းမှု သုံးကြိမ်ကို ပယ်ချခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့သောကြာနေ့က လီဗာပူးလ်အသင်းက တတိယအကြိမ်ကမ်းလှမ်းခဲ့ကာ ကနဦးပြောင်းရွှေ့ကြေး ပေါင် သန်း ၁၀၀ နဲ့ Add-ons ကြေး ပေါင် ၁၃ သန်းဖြစ်ပြီး အဆိုပါကမ်းလှမ်းချက်ကို လေဗာကူဆင်အသင်းက လက်မခံ သေးတာ ဖြစ်ပါတယ်။ လေဗာကူဆင်အသင်း အလိုရှိတာက ပေါင် ၁၁၈ သန်းသာဖြစ်လို့ လီဗာပူးလ်အသင်းအနေနဲ့ အဲဒီပမာဏဖြင့် နောက်တစ်ကြိမ်ကမ်းလှမ်းခဲ့ပါက အပြောင်းအရွှေ့ဖြစ်မြောက်တော့မယ်လို့ သုံးသပ်နေကြပါတယ်။ (NVS 008)

09 Jun

ADVERTISE HERE .