“မော်လ်ဒိုဗာအသင်းနဲ့ပွဲက အီတလီနည်းပြဘဝ နောက်ဆုံးပွဲဖြစ်တယ်လို့ဆိုတဲ့ စပယ်လက်တီ”

09 Jun

အီတလီလက်ရွေးစင်အသင်းနည်းပြ စပယ်လက်တီ က တနင်္လာနေ့မှာ ယှဉ်ပြိုင်ရမယ့် မော်လ်ဒိုဗာ နဲ့ ပွဲဟာ သူ့ရဲ့ အီတလီနည်းပြဘဝ နောက်ဆုံးပွဲ ဖြစ်မယ်လို့ ပြောကြားခဲ့ပါတယ်။ စပယ်လက်တီက နော်ဝေအသင်းကို ရှုံးနိမ့်တဲ့ပွဲအပြီးမှာပဲ အီတလီဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌက သူ့ကို ရာထူးက ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့ပြီးဖြစ်တယ်လို့လည်း ဆိုခဲ့ပါတယ်။ စပယ်လက်တီ က နာပိုလီအသင်းကို စီးရီးအေချန်ပီယံဆု ရယူပေးပြီးတဲ့နောက် ၂၀၂၃ စက်တင်ဘာမှာ အီတလီလက်ရွေးစင်နည်းပြအဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။ ဒါပေမယ့် စပယ်လက်တီ လက်ထက်မှာ အီတလီအသင်းရဲ့ စွမ်းဆောင်ရည်ကျဆင်းခဲ့ပြီး ၂၃ ပွဲကိုင်တွယ်ရာ မှာ ၁၁ ပွဲနိုင်၊ ၆ ပွဲသရေ၊ ၆ ပွဲရှုံးနိမ့်ထားပါတယ်။ ဒါကြောင့် အီတလီဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဂရာဗီနာ က မော်လ်ဒိုဗာအသင်းနဲ့ပွဲအထိပဲ တာဝန်ပေးဖို့ ဆုံးဖြတ်ခဲ့တာလို့ သိရပါတယ်။ အီတလီအသင်းရဲ့ နည်းပြသစ်ဖြစ်လာဖို့ ရိုးမားနည်းပြဟောင်း ရာနီရေးရီ နဲ့ အယ်လ်နာဆာနည်းပြ ပီအိုလီတို့ ရေပန်းစားနေပါတယ်။ (NVS 008)

09 Jun

ADVERTISE HERE .