“UEFA Nations League မှာ ချန်ပီယံဖြစ်ခဲ့တဲ့ ပေါ်တူဂီအသင်း”
09 Jun
ဇွန်လ ၈ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ UEFA Nations League ဗိုလ်လုပွဲစဉ်မှာ ပေါ်တူဂီအသင်းက စပိန်အသင်းကို ပင်နယ်တီနဲ့ အနိုင်ရရှိခဲ့ပြီး ချန်ပီယံအဖြစ်ဆွတ်ခူးခဲ့ပါတယ်။ UEFA Nations League ဗိုလ်လုပွဲစဉ်မှာ ပေါ်တူဂီအသင်းနှင့် စပိန်အသင်းတို့ပွဲစဉ်မှာ အကြိတ်အနယ်ရှိခဲ့ပြီး စပိန်အသင်းက အကောင်းဆုံးဖိအားပေးကစားထားနိုင်ခဲ့ကာ စပိန်အသင်းအတွက် ဦးဆောင်ဂိုးတွေကို ပွဲချိန် ၂၁ မိနစ်မှာ ဇူဘီမန်ဒီ၊ ပွဲချိန် ၄၅ မိနစ်မှာ အော်ယာဇာဘယ် သွင်းယူပေးခဲ့ပြီး ပေါ်တူဂီအသင်းအတွက် ချေပဂိုးတွေကို ပွဲချိန် ၂၆ မိနစ်မှာ နူနိုမန်ဒက်စ်၊ ပွဲချိန် ၆၁ မိနစ်မှာ အသင်းခေါင်းဆောင် စီရော်နယ်လ်ဒို က သွင်းယူပေးခဲ့တာကြောင့် အချိန်ပိုဆက်လက်ယှဉ်ပြိုင်ကစားခဲ့ပေမယ့် သွင်းဂိုးများ ထပ်မံသွင်းယူနိုင်ခြင်းမရှိဘဲ ပင်နယ်တီအဆုံးအဖြတ်ကစား ခဲ့ပါတယ်။ ပင်နယ်တီအဆုံးအဖြတ်ခံယူရာမှာတော့ ပေါ်တူဂီအသင်းက စပိန်အသင်းကို ၅-၃ ဂိုးဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိ ခဲ့ပြီး ချန်ပီယံဆု ဆွတ်ခူးရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပေါ်တူဂီအသင်းဟာ ၂၀၁၈ ခုနှစ်ကနေ စတင်ခဲ့တဲ့ UEFA Nations League ကို ၃ ကြိမ်မြောက်အဖြစ် ဆွတ်ခူးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ (NVS 008)