“UEFA Nations League ဗိုလ်လုပွဲရဲ့ အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့တဲ့ နူနိုမန်ဒက်စ်”
09 Jun
UEFA Nations League ဗိုလ်လုပွဲရဲ့ အကောင်းဆုံးကစားသမားဆု Player of the Match ကို ပေါ်တူဂီ အသင်းရဲ့ ကစားသမား နူနိုမန်ဒက်စ် က ဆွတ်ခူးရရှိခဲ့ပါတယ်။ UEFA ရဲ့နည်းစနစ်လေ့လာရေးအဖွဲ့က နူနိုမန်ဒက်စ် ဟာ တိုက်စစ်မှာရော ခံစစ်မှာပါ အံ့အားသင့်စရာ ကောင်းအောင် ခြေစွမ်းပြနိုင်ခဲ့တာကြောင့် အခုလိုရွေးချယ်ခံရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ UEFA Nations League ဗိုလ်လုပွဲမှာ နူနိုမန်ဒက်စ် ဟာ ပေါ်တူဂီအသင်းအတွက် ချေပဂိုးတစ်ဂိုး ပြန်လည်သွင်းယူပေးခဲ့ပါတယ်။ အသက် ၂၂ နှစ်သာရှိသေးတဲ့ နူနိုမန်ဒက်စ် ဟာ PSG အသင်းရဲ့ အမာခံကစားသမားအဖြစ်လည်း ခြေစွမ်းပြနေသူဖြစ်ပြီး လက်ရှိကမ္ဘာ့အကောင်းဆုံးဘယ်နောက်ခံလူတစ်ယောက်အဖြစ်လည်း ညွှန်းဆိုခံနေရပါတယ်။ (NVS 008)
09 Jun