"Prefabricated Modular House များတွင် ငလျင်ဒဏ်သင့်ဝန်ထမ်းများပြောင်းရွှေ့နေထိုင်လျက်ရှိ"

09 Jun

မန္တလေးငလျင်ကြီးဒဏ်သင့်ခဲ့တဲ့ နေပြည်တော်ရှိ ဝန်ကြီးဌာနအချို့မှ ဝန်ထမ်းလိုင်းခန်းများ ပျက်စီးမှုများရှိခဲ့ တာကြောင့် တာဝန်ရှိသူများက ယာယီဘာရှာလိုင်းခန်းများနှင့် Prefabricated Modular House များကို တပ်ဆင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါတယ်။ ထိုသို့ဆောင်ရွက်လျက်ရှိရာမှ ဇဗ္ဗူသီရိမြို့နယ်ရှိ နေပြည်တော် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန တိုင်းရုံး နေရာတွင် တည်ဆောက်ပြီးစီးခဲ့သော Prefabricated Modular House များနှင့် ယာယီဘာရှာလိုင်းခန်းများမှာ ဝန်ထမ်းများ ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း သိရပါတယ်။ ဒါ့အပြင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာနပိုင်မြေနေရာမှာ ပြည်ထောင်စုဝန်ကြီးရုံး၊ သမဝါယမ ဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့မှ ငလျင်ဒဏ်သင့်ဝန်ထမ်းများနေထိုင်ရန် Prefabricated Modular House များကို တည်ဆောက်လျက်ရှိပြီး ဆောက်လုပ်ပြီးစီးခဲ့သည့် ယာယီဘာရှာလိုင်းခန်းများတွင်လည်း ပြောင်းရွှေ့နေထိုင်လျက်ရှိကာ ကျေးလက်ဖွံဖြိုးရေးဦးစီးဌာနမှ ယာယီလိုင်းခန်းများအတွင်း ကျောက်ချောလမ်းခင်း ပေးလျက်ရှိပြီး ရေမီးမိလ္လာစနစ်များကိုလည်း တပ်ဆင်ဆောင်ရွက်ထားကြောင်း သိရပါတယ်။ အဆိုပါတည်ဆောက်နေမှုနှင့် ဝန်ထမ်းများပြောင်းရွှေ့နေထိုင်လျက်ရှိမှုတို့ကို သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှမိုးက ကြည့်ရှုစစ်ဆေး၍ Prefabricated Modular House များ တပ်ဆင် နေမှုကို အမြန်ဆုံးပြီးစီးအောင်ဆောင်ရွက်ပြီး ဝန်ထမ်းများကို စနစ်တကျဖြင့် အမြန်ဆုံးနေရာချထားရန်၊ ဝန်ထမ်း များ စနစ်တကျနေထိုင်နိုင်ရေးအတွက် လိုအပ်တဲ့ရေမီးမိလ္လာစနစ်များ လုံလောက်မှုရှိအောင် ဆောင်ရွက်ပေးရန်၊ ယာယီဘာရှာများ ပတ်ဝန်းကျင်သန့်ရှင်းသာယာမှုရှိစေရေး၊ ဝန်ထမ်းများစနစ်တကျနှင့် စည်းကမ်းရှိစွာနေထိုင်ကြ စေရေး ကြပ်မတ်ဆောင်ရွက်ရန်၊ အရိပ်ရသစ်ပင်ပန်းမန်များ စိုက်ပျိုးကြဖို့ကို မှာကြားခဲ့ကြောင်း သိရပါတယ်။ လက်ရှိအချိန်မှာ ပျဥ်းမနားမြို့ရှိ ရတနာ့အိပ်ဆောင်ဝင်း၊ စက်ယန္တရားသိုလှောင်ရုံးဝင်း၊ လယ်ဝေးမြို့နယ်ရှိ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ရုံးမြေနေရာတွင် တည်ဆောက်ထားတဲ့ နှစ်ခန်းတွဲယာယီဘာရှာလိုင်းခန်းများ၊ နေပြည်တော် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံးဝင်းအတွင်းရှိ ယာယီဘာရှာများတွင် ငလျင်ဒဏ်သင့် ဝန်ထမ်းများပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း သိရပါတယ်။ (NVS 004)

09 Jun

ADVERTISE HERE .