“စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ငွေကျပ် ၁၂၀ ကျော် ထပ်မံကျဆင်း”
09 Jun
ယခုတစ်ပတ်တာကာလဖြစ်တဲ့ ဇွန်လ ၉ ရက်မှ ၁၅ ရက်အတွင်း ရောင်းချရမည့် စားအုန်းဆီရန်ကုန် အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ တစ်ပိဿာကို ၆,၁၈၅ ကျပ်ဖြစ်ကြောင်း စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက အသိပေးထုတ်ပြန်ကြေညာထားပါတယ်။ စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့မှ မြန်မာနိုင်ငံသို့ CIF စနစ်အရ တင်သွင်းနေတဲ့ စားအုန်းဆီတစ်တန်ဈေးနှုန်းမှာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှစ၍ ဆက်တိုက်ကျဆင်းလာခဲ့သလို ပြီးခဲ့တဲ့ တစ်ပတ်တာကာလဖြစ်သည့် ဇွန်လ ၂ ရက်မှ ၈ ရက်အထိ ရောင်းချရမည့် ရည်ညွှန်းဈေးနှုန်းမှာ တစ်ပိဿာလျှင် ငွေကျပ် ၆၃၁၀ ဖြစ်ပြီး ယခုတစ်ပတ်မှာ ၁၂၅ ကျပ် ထပ်မံကျဆင်းခဲ့ပါတယ်။ အဆိုပါဈေးနှုန်းက ကမ္ဘာ့စားအုန်းဆီထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင်ဖြစ်ပေါ်နေသော ဈေးကွက်နှင့် ဈေးနှုန်းများအရ သတ်မှတ်ထားခြင်းဖြစ်ပြီး အဆိုပါထုတ်ပြန်ကြေညာထားသည့် စျေးနှုန်းထက် ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ (NVS 004)