“ငလျင်ဒဏ်သင့်ခဲ့တဲ့ အင်းလေးဒေသရှိ ကျေးရွာများအနက် ၃၁၇ ရွာရှိ ဓာတ်အားလိုင်းများကို ပြန်လည်ပြုပြင်”

09 Jun

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ ကျေးရွာ ၃၂၁ ရွာကို လျှပ်စစ်ဓာတ်အားပေးထားတဲ့ ၁၁ ကေဗွီဓာတ်အားလိုင်းများ၊ ၄၀၀ ဗို့ဓာတ်အားလိုင်းများ၊ ထရန်စဖော်မာနှင့် ဓာတ်အားလွှတ်ပစ္စည်းများယိုင်လဲ၍ ချို့ယွင်းပျက်စီးကာ ယာယီဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။ အခုလိုပျက်စီးမှုများကို ညောင်ရွှေမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ ကျွမ်းကျင်ဝန်ထမ်းများက ပြန်လည် ပြင်ဆင်မှုများပြုလုပ်ခဲ့ပြီး ဇွန်လ ၇ ရက်အထိ ကျေးရွာ ၃၁၇ ရွာရှိ ဓာတ်အားလိုင်းများကို ပြန်လည် ပြုပြင်ပြီးစီးခဲ့ပြီး ကျန်ရှိတဲ့ကျေးရွာ ၄ ရွာမှ ပြုပြင်ရန်ကျန်ရှိနေသော ၄၀၀ ဗို့ဓာတ်အားလိုင်းကို အမြန်ဆုံးပြန်လည်ပြုပြင်လျက် ရှိကြောင်း သိရပါတယ်။ (NVS 004)

09 Jun

ADVERTISE HERE .