“ကမ္ဘာ့ရွှေဈေးပြန်လည်ကျဆင်းခဲ့ပေမယ့် ပြည်တွင်းရွှေဈေးပြောင်းလဲမှုမရှိသေး”
09 Jun
ကမ္ဘာ့ရွှေဈေး ပြန်လည်ကျဆင်းခဲ့ပေမယ့် ပြည်တွင်းရွှေဈေးကတော့ ပြောင်းလဲမှုမရှိဘဲ တည်ငြိမ်လျက် ရှိပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်အတွင်းက ကမ္ဘာ့ရွှေဈေး မြင့်တက်ခဲ့တာကြောင့် ပြည်တွင်းရွှေဈေးနှုန်းကလည်း ကျပ်တစ်သိန်း ဝန်းကျင်အထိ လိုက်ပါမြင့်တက်ခဲ့ကာ အခေါက်ရွှေ တစ်ကျပ်သားကျပ် ၇,၈၅၀,၀၀၀ ဝန်းကျင်ထိ ရောက်ရှိလာကြောင်း ဈေးကွက်ဈေးနှုန်းများအရ သိရပါတယ်။ ပြင်ပဈေးကွက်မှာ ရွှေဈေးကျပ် ၇၈ သိန်းကျော်ရှိနေပြီး ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ၏ ရွှေရည်ညွှန်းဈေးနှုန်းက တစ်ကျပ်သားကို ငွေကျပ် ၅၈ သိန်းကျော်သာ သတ်မှတ်ထားကြောင်း သိရပါတယ်။ ကမ္ဘာ့ရွှေဈေးနှုန်းဟာ ဇွန်လ ၈ ရက်၊ ညနေပိုင်းအထိ တစ်အောင်စကို အမေရိကန်ဒေါ်လာ ၃,၃၁၁ ဒသမ ၀၇ နဲ့ ဈေးပိတ်ခဲ့ပြီးနောက် ဇွန်လ ၉ ရက် နံနက်ပိုင်းမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၃,၃၀၃ ဒသမ ၂၀ အထိ ပြန်လည်ကျဆင်းခဲ့ပါတယ်။ ဒါကြောင့် ကမ္ဘာ့ရွှေဈေးနှုန်းက ပြီးခဲ့တဲ့တစ်ပတ်ကထက် ပြန်လည်ကျဆင်းလာခဲ့ပေမယ့် ပြည်တွင်း ရွှေဈေးနှုန်းက ပြန်လည်ကျဆင်းခြင်း မရှိသေးတာကို တွေ့ရပါတယ်။