လာမည့် ဘောလုံးရာသီတွင် ကျောနံပါတ်(၁၀)ဂျာစီကို ပြောင်းလဲဝတ်ဆင်ကစားမည့် ကိုးလ်ပါလ်မာ
08 Jun
ချဲလ်ဆီးအသင်း ကွင်းလယ်တိုက်စစ်ကစားသမား ကိုးလ်ပါလ်မာ ဟာ လာမည့်ဘောလုံးရာသီမှာ ကျောနံပါတ် (၁၀)ဂျာစီကို ပြောင်းလဲဝတ်ဆင်ကစားသွားမယ်လို့ သိရပါတယ်။ ကိုးလ်ပါလ်မာ ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ကျောနံပါတ်(၂၀)ဂျာစီကို ဝတ်ဆင်ကစားခဲ့သော်လည်း လာမည့်ဘောလုံးရာသီမှာတော့ ကျောနံပါတ်(၁၀) ဂျာစီကို ပြောင်းလဲဝတ်ဆင် ကစားသွားမှာဖြစ်ပါတယ်။ သမား ကိုးလ်ပါလ်မာ အနေနဲ့ ချဲလ်ဆီးအသင်းနှင့်အတူ ၂ဝ၂၃-၂ဝ၂၄ မှ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီအထိ ပြိုင်ပွဲစုံ ၉၁ ပွဲ ကစားပြီး ဂိုး ၄ဝ အထိ သွင်းယူကာ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ချဲလ်ဆီးအသင်းကို ကွန်ဖရန့်လိဂ် ချန်ပီယံဆု ကြီးရရှိနိုင်အောင်လည်း အကောင်းဆုံး ပံ့ပိုးကူညီပေးနိုင်ခဲ့ပါတယ်။ အသက်(၂၃)နှစ်အရွယ် ကိုးလ်ပါလ်မာ က လာမည့်ရာသီမှာ ကျောနံပါတ်(၁ဝ)ကို ပြောင်းလဲ ဝတ်ဆင်ကစား သွားမှာဖြစ်ပြီး အသင်းနဲ့အတူ နောက်ထပ်ဆုဖလားများစွာကိုလည်း ရယူသိမ်းပိုက်နိုင်အောင် ကြိုးစားသွားမယ်လို့ ပြောကြားခဲ့ပါတယ်။(NVS 008)