ရီးရဲလ်မက်ဒရစ်အသင်းက ရေးဗားပလိတ်အသင်းမှ မက်စတန်တူအိုနို ကို ယူရို ၄၅ သန်းဖြင့် ခေါ်ယူရန် သဘောတူညီမှုရရှိ
08 Jun
ရီးရဲလ်မက်ဒရစ်အသင်းက ကွင်းလယ်ကစားသမားဖြစ်သူ အသက် ၁၇ နှစ်ရှိ ရေးဗားပလိတ်အသင်း ကစားသမား မက်စတန်တူအိုနို ကို ပြောင်းရွှေ့ကြေး ယူရို ၄၅ သန်းဖြင့်ခေါ်ယူရန် သဘောတူညီမှုရရှိခဲ့ကြောင်း သိရပါတယ်။ လက်ရှိတွင် မက်စတန်တူ အိုနို ဟာ ရေးဗားပလိတ်အသင်းနှင့်အတူ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မှာဖြစ်လို့ ပြိုင်ပွဲပြီးဆုံးမှသာ ရီးရဲလ်မက်ဒရစ်အသင်းနှင့် နောက်ဆုံးအဆင့်ဆွေးနွေးမှုများ ဆက်လက် ပြုလုပ်ကာ ခြောက်နှစ်သက်တမ်းရှိတဲ့ စာချုပ်ကို ချုပ်ဆိုမှာဖြစ်ပါတယ်။ ယခင်က မက်စတန်တူအိုနိုကို ပီအက်စ်ဂျီအသင်းက ခေါ်ယူရန် ကြိုးပမ်းခဲ့သော်လည်း ကစားသမား ကိုယ်တိုင်က ငြင်းပယ်ခဲ့ပြီး ရီးရဲလ်မက်ဒရစ်အသင်း တာဝန်ရှိသူများက လူငယ်ကစားသမားကို ကာလရှည်စီမံကိန်းဖြင့် ခေါ်ယူခဲ့တာကြောင့် သဘောတူညီမှုရရှိခဲ့ခြင်း ဖြစ်ပါတယ်။(NVS 008)
08 Jun